နယူးကာဆယ်ကိုအနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ယာယီတက်လှမ်းလာတဲ့ ယူနိုက်တက်
ယူနိုက်တက် ၁-၀ နယူးကာဆယ် (ပွဲပြီးရလဒ်)
ဒေါ်ဂူ ၂၄'
ပထမပိုင်းမှာ နယူးကာဆယ်ဘက်ကို အကြိမ်ကြိမ်ထိုးဖောက်ပြီး ဒေါ်ဂူရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တဲ့ယူနိုက်တက်ကဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးကိုတော့ ခံစစ်နဲ့သာကစားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ နယူးကာဆယ်က ချေပဂိုးအတွက် တိုက်စစ်ဆင်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမား လမ်မန်းစ်တို့ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိလို့ ချေပဂိုးပြန်မရခဲ့ပါဘူး။ အဓိကကွင်းလယ်လူ ဖာနန်ဒက်စ်ဒဏ်ရာရချိန်မှာ ယူနိုက်တက်အနေနဲ့ကွင်းလယ်ပိုင်းပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပေမယ့် မာတီနက်ဇ်ပြန်ရောက်လာတဲ့နောက်တန်းက ဒီနေ့မှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့်ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ ပဉ္စမနေရာသို့ ယာယီတက်လှမ်းလာနိုင်ခဲ့ပါတယ်။