The network connection is lost.

Banner Image

လမ်မန်းစ်နဲ့ ကူညာတို့ရဲ့အသင်းအပေါ်အကျိုးသက်ရောက်မှုကို ပြောကြားလာတဲ့ ဒေါ်ဂူ

မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူ ပက်ထရစ်ဒေါ်ဂူက အသင်းဖော်ဂိုးသမား ဆန်နီလမ်မန်းစ်နဲ့ တိုက်စစ်ကစားသမား မားသီးယက်စ်ကွန်ညာတို့ရဲ့ အသင်းအပေါ်အကျိုးသက်ရောက်နိုင်မှုတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှာ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်တ်ဝပ်မှ အိုးလ်ထရက်ဖို့ဒ်သို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ လမ်မန်းစ်ဟာ ပွဲဦးထွက်ရာသီမှာပဲ ယူနိုက်တက်ရဲ့နံပတ် ၁ ဂိုးသမားနေရာကို အပိုင်စားရယူထားပြီဖြစ်ပါတယ်။

လမ်မန်းစ်နဲ့ပတ်သက်ပြီး ဒေါ်ဂူက "သူ့ရဲ့တည်ငြိမ်မှုက ကျွန်တော်တို့အတွက် အများကြီးအကူအညီရစေပါတယ်။ သူက တည်ငြိမ်တဲ့သူဖြစ်ပြီး နောက်ခံလူတွေကို အမြဲတမ်းစကားပြောပြီးသတိပေးနေလေ့ရှိပါတယ်။ အသင်းကိုစရောက်လာကတည်းက ထိပ်တန်းစွမ်းဆောင်ရည်ကိုပြသထားနိုင်ပြီး အခုလည်း သူ့ရဲ့လက်စွမ်းက ပုံမှန်ပါပဲ။ ဒီအတိုင်းပဲဆက်သွားနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်ဂူက နွေရာသီကပဲရောက်ရှိလာခဲ့တဲ့ ကွန်ညာနဲ့ပတ်သက်ပြီး "သူက အရမ်းစိတ်ထားကောင်းတဲ့လူတစ်ယောက်ပါ။ ဟာသလည်းပြောတတ်လို့ အသင်းကို ခပ်မြန်မြန်ပဲဝင်ရောက်ပြီး အားလုံးနဲ့ ချက်ချင်းရင်းနှီးသွားခဲ့ပါတယ်။ သဘောကောင်းတဲ့လူတစ်ယောက်ဖြစ်သလို၊ အရမ်းလည်းတော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။