The network connection is lost.

Banner Image

ဒုတိယပိုင်း comebackနဲ့အတူ စိန့်ဂျိမ်းစ်ပတ်ခ်မှာ သရေရလဒ်ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး

နယူးကာဆယ် ၂ - ၂ ချဲလ်ဆီး (ပွဲပြီးရလဒ်)

ချဲလ်ဆီးအသင်းဟာ ကစားရခက်တဲ့ စိန့်ဂျိမ်းစ်ပတ်ခ်မှာ ပထမပိုင်း နှစ်ဂိုးရှုံးနေရာကနေ ဒုတိယပိုင်းမှာ နှစ်ဂိုးပြန်သွင်းပြီး သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။
နယူးကာဆယ်က ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကစားအားကျသွားတာကြောင့် နှစ်ဂိုးပြန်ပေးခဲ့ရပြီး သရေတစ်မှတ်သာရခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် နယူးကာဆယ်လိုအသင်းကို စိန့်ဂျိမ်းစ်ပတ်ခ်မှာ နှစ်ဂိုးပြတ်ရှုံးနေရာကနေ သရေတစ်မှတ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်ကို ချီးကျူးရမှာ ဖြစ်ပါတယ်။