The network connection is lost.

Banner Image

ပဲလေ့စ်စတားအပြောင်းအရွှေ့မှာ ကစားသမား ၁ ဦးပါအလိုက်ပေးကမ်းလှမ်းဖို့ အာဆင်နယ်စဉ်းစားနေ

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ပဲလေ့စ်စတား အီဇီးကို ကစားသမား ၁ ဦးပါအလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အာတီတာဟာ တိုက်စစ်မှူးနဲ့အတူ စွယ်စုံရတိုက်စစ်မှူးတစ်ဦးထပ်မံခေါ်ယူချင်နေပြီး အီဇီးကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ပဲလေ့စ်ဘက်ကတော့ အီဇီးအတွက် ပေါင် ၆၈ သန်းတန်ကြေးသတ်မှတ်ထားပြီး အာဆင်နယ်ဘက်က ဘယ်လိုပေးချေမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ ဇူဘီမန်ဒီကို ပေါင် ၅၅ သန်း ၊ ကီပါကို ပေါင် ၅ သန်း ၊ ယိုကရက်စ်ကို ပေါင် ၆၉ သန်း ၊ နော်ဂတ်ကို ပေါင် ၁၂ သန်းပေးချေခေါ်ယူထားပါတယ်။
The Sun သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ အီဇီးအပြောင်းအရွှေ့မှာ ငွေသားအပြင် ကစားသမားတစ်ဦးပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ကစားသမားဘက်ကတော့ အာဆင်နယ်ထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး ပဲလေ့စ်နဲ့သဘောတူညီမှုရဖို့တော့ လိုအပ်နေပါတယ်။
လီဗာပူးအသင်းကလည်း အီဇီးကိုခေါ်ယူဖု့ိ စဉ်းစားနေပြီး ပေါလ်စခိုးလ်ကတော့ ယူနိုက်တက်အနေနဲ့ အင်္ဂလန်သားကိုခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ပဲလေ့စ်အမှုဆောင် ပါရစ်က အီဇီးကို အသင်းတွေစိတ်မဝင်စားတဲ့အပေါ် အံ့အားသင့်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“အသင်းဘက်ကနေကြည့်ရင် အိုလစ်ဆီကော အီဇီးကိုကော လက်လွှတ်ရမှာက စိုးရိမ်စရာပါ။ ကံကောင်းတာက အီဇီးကို ဘယ်အသင်းကမှစိတ်မဝင်စားခဲ့ပါဘူး။
ကျွန်တော် လုံးဝအံ့အားသင့်ရပါတယ်။ ဒီကောင်လေးက တကယ်ကောင်းတဲ့ဘောလုံးသမားတစ်ဦးပါ”လို့ ပါရစ်က ဖြေကြားခဲ့ပါတယ်။
အီဇီးကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းကိုပြောင်းချင်ကြောင်း မကွယ်မဝှက်ပြောကြားခဲ့ပါတယ်။
“ဒီမှာကျွန်တော် အရာအားလုံးအနိုင်ရချင်တာပါ။ ကျွန်တော် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဖို့ ဘာမဆိုလုပ်သွားမှာပါ”လို့ မေလတုန်းက စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။