
ချဲလ်ဆီးစတားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ဘိုင်ယန်အသင်းဘက်က ဂျက်ဆင်အပြောင်းအရွှေ့အတွက် အတည်လည်းမပြုသလို ငြင်းဆန်ခြင်းလည်း မပြုခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန် နဲ့ ဂျက်ဆင်တို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကာ ၂ သင်းကြားဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြ မာရက်စ်ကာလက်အောက်မှာ ဂျက်ဆင်ဟာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဒီလပ် နဲ့ ပက်ဒရိုတို့ရောက်လာတာကြောင့် နေရာရဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။
ဆီနီဂေါသားကို အသင်းတော်တော်များများက ပြီးခဲ့တဲ့လပိုင်းအတွင်း ဆက်သွယ်ခဲ့ပေမယ့် မခေါ်ယူခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ဂျက်ဆင်တစ်ယောက် လူစာရင်းမှာ မပါဝင်လာခဲ့ပဲ အသင်းဘက်က ငွေကြေးတစ်ရပ်နဲ့ ရှင်းထုတ်ချင်နေပါတယ်။
ဘိုင်ယန်ဟာ လက်ရှိမှာ ဂျက်ဆင်ကိုအငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ အင်္ဂါနေ့တုန်းက သတင်းထောက်တွေကို ကွန်ပနီက ပြောကြားရာမှာ “ကျွန်တော် ဘယ်အရာကိုမှ မငြင်းဆန်ချင်ပါဘူး။ ကစားသမားတော်တော်များများနဲ့ သတင်းတွေထွက်နေပါတယ်။ အပြောင်းအရွှေ့က လာမယ့်တနလာၤနေ့အထိ ဖွင့်နေဆဲပါ။
ဘယ်အရာမဆို အဲ့မတိုင်ခင်ဖြစ်သွားနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဂျာမန်ပိုကယ်ဖလားပွဲအဖြစ် Wehen Wiesbaden အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။
အဲ့နောက် စနေနေ့မှာ အော့စ်ဘတ်အသင်းနဲ့ လိဂ်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။