The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ပွဲမှာ အမှားလုပ်ခဲ့တာကြောင့် ရာထူးကနေ လျော့ချခံခဲ့ရတဲ့ VAR ဒိုင် ဒါရင်းအင်္ဂလန် နဲ့ ဒန်ကော့ခ်

VAR ဒိုင်တွေဖြစ်တဲ့ ဒါရင်းအင်္ဂလန်နဲ့ ဒန်ကော့ခ်တို့ဟာ တော့တင်ဟမ်နဲ့ လီဗာပူး အသင်းတို့ပွဲမှာ အမှားလုပ်ခဲ့တာကြောင့် ရာထူးလျော့ချခံခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်နဲ့ ကော့ခ်တို့ဟာ လီဗာပူးအသင်းက တော့တင်ဟမ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ VAR တာဝန်ယူခဲ့ကြပေမယ့် အငြင်းပွားဖွယ်ရာ အမှားတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကနဦးမှာ အင်္ဂလန်ဟာ VAR အခန်းကို တာဝန်ယူရတာဖြစ်ပြီး ကော့ခ်က လက်ထောက်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ကော့ခ်ဟာ လာမယ့်တနလာၤနေ့မှာ ကန်မယ့် ဖူလ်ဟမ်နဲ့ ချဲလ်ဆီးပွဲအတွက်လည်း လက်ထောက်ဒိုင်အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂ ဦးစလုံးဟာ အခုချိန်မှာ အစားထိုးခံခဲ့ရပြီဖြစ်ကာ ဒီယက်ဇ်ရဲ့ဂိုးကို မှားယွင်းဆုံးဖြတ်ခဲ့တာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ကာတစ်ဂျုံးစ်အနီကတ်ပြသခံခဲ့ရပြီးနောက် ကိုလံဘီယာသားဟာ တော့တင်ဟမ်နောက်တန်းကြားကနေ ဖြတ်ကျော်ပြီး ဦးဆောင်ဂိုး သွင်းခဲ့တာဖြစ်ပါတယ်။ မူလတုန်းက စည်းကျပ်ဒိုင်အနေနဲ့ ဒီယက်ဇ်လူကျွံနေတယ်လို့ အလံထောင်ခဲ့ပေမယ့် VAR ပြန်လည်ကြည့်ရှုချိန်မှာတော့ လူမကျွံတဲ့အပြင် တာဝန်ရှိသူတွေက စည်းမဆွဲခဲ့တာဖြစ်ပါတယ်။

ဂျိုတာတစ်ယောက် ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပြီးနောက်မှာတော့ လီဗာပူးအသင်းက မာတစ်ရဲ့Own goal နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါရှုံးပွဲမှာ PGMOက ဒီယက်ဇ်ရဲ့ဦးဆောင်ဂိုးဟာ လူသားအမှားတစ်ခုဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“တော့တင်ဟမ်နဲ့ လီဗာပူး အသင်းတို့ကြား ပထမပိုင်းအတွင်း လူသားအမှားတစ်ခုရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီယက်ဇ်ရဲ့ဂိုးကို ကွင်းထဲက စည်းကျပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် VAR ပြန်လည်ကြည့်ရှုချိန်မှာတော့ လူမကျွံခဲ့သလို စည်းဆွဲဖို့လည်း မေ့ခဲ့ပါတယ်။ အဆိုပါအခြေအနေကို ကျွန်တော်တို့ သေချာလေးပြန်လည်ကြည့်ရှုခဲ့ပါတယ်။ အခုအမှားအတွက်လည်း လီဗာပူး အသင်းကို ချက်ချင်းဆက်သွယ်ပြီး တောင်းပန်ခဲ့ပါပြီ”လို့ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။