နယူးကာဆယ်နှင့် တရားဝင်အငြင်းပွားမှုမဖြစ်ဘဲ ဒန်အက်ရှိဝေါ့သ်ကို အားကစားဒါရိုက်တာအသစ်အဖြစ် ခန့်အပ်နိုင်တော့မယ့် ယူနိုက်တက်
ယူနိုက်တက်ဟာ ဒန်အက်ရှ်ဝေါ့သ်အား ၎င်းတို့ရဲ့အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ကာလရှည်ကြာမှုခေါ်မှုကလည်း ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
ကလပ်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရယူပြီးနောက် ကွင်းတွင်းနှင့် ပြင်ပရှိ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် ရက်ဖ်ကလ်ဟာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အက်ရှ်ဝေါ့သ်ဟာ ထိုပရောဂျက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆလို့ရပါတယ်။
အသက် ၅၃ နှစ်အရွယ် အက်ရှ်ဝေါ့သ်ရဲ့ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ဟာ နယူးကာဆယ်အသင်းနှင့် လျော်ကြေးငွေပေးချေမှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကြောင့် နှောင့်နှေးခဲ့ရပြီး အဆိုပါအမှုကို တရားရုံးသို့တက်မည်ဆိုပါက တရားရေးစရိတ်များကို ပေးဆောင်ရန် ယူနိုက်တက်ဘက်မှ ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။ အက်ရှ်ဝေါ့သ်ဟာ မန်ချက်စတာတွင် အလုပ်စလုပ်ရန် အပေးအယူတစ်ခု ရှိလာပြီဖြစ်ကြောင်း The Athletic က ဖော်ပြထားပါတယ်။
အက်ရှ်ဝေါ့သ်ဟာ နည်းစနစ်ဒါရိုက်တာ ဂျက်ဆင်ဝဲကောစ်နှင့်အတူ ဘောလုံးစွမ်းဆောင်ရည်၊ ကစားသမားသစ် ခေါ်ယူမှုနှင့် လည်ပတ်လုပ်ဆောင်မှုများအတွက် တာဝန်ပေးအပ်ခံရမှာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဘောလုံး လည်ပတ်လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်မှုလုပ်နေတဲ့ ရက်ဖ်ကလစ်ရဲ့ INEOS က အားကစားဒါရိုက်တာ ဆောဒေ့ဗ်ဘရေးစ်ဖို့ဒ်ထံ သူက အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။
အက်ရှ်ဝေါ့သ်ဟာ ယူနိုက်တက်ရဲ့အထင်ကရနေရာ ဂျွန်မာတော့ချ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ ဘရိုက်တန်ကနေ ထွက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက နယူးကာဆယ်သို့ ရောက်ရှိနေခဲ့တာပါ။ အဲ့ဒီမတိုင်မီ ၂၀၁၇ ခုနှစ်တွင် အင်္ဂလန် ယူ ၁၇၊ ယူ ၂၀ အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် သြဇာကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် သူ့ရဲ့ဂုဏ်သတင်းကို အကောင်းဆုံးတည်ဆောက်ခဲ့သူဖြစ်ပါတယ်။