စိန့်ဂျိမ်းစ်ပတ်ခ်မှာ အမှတ်ခွဲဝေယူခဲ့တဲ့ နယူးကာဆယ်နဲ့ ဘုန်းမောက်
နယူးကာဆယ် ၂-၂ ဘုန်းမောက် (ပွဲပြီးရလဒ်)
အခုစိန့်ဂျိမ်းစ်ပတ်ခ်ကွင်းထိပ်တိုက်တွေ့ဆုံမှုက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဘုန်းမောက်က တာဗာနီယာရဲ့ဦးဆောင်ဂိုးအပြင် သီအောရဲ့ O.G ပါ ထပ်မံရရှိခဲ့လို့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာတင် ဟာဗေးဘန်းစ်က အိမ်ရှင်တွေအတွက် ဗွေဆော်ဦးချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ နယူးကာဆယ်တို့ တိုက်စစ်မြှင့်ကစားလာခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ ရမ်ဆေးက ဒုတိယမြောက်ချေပဂိုးကိုသွင်းယူခဲ့လို့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။