အာတီတာအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ သီယိုဝဲလ်ကော့
အာဆင်နယ်အသင်းဟာ အာတီတာလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် အခုချိန်အထိ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်နေဆဲဖြစ်ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးကို ချန်ပီယံဆုအတွက် ၂ ရာသီဆက်ဖိအားပေးနိုင်ခဲ့ပေမယ့် ဆုဖလားနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်စတားဟောင်း ဝဲလ်ကော့က အာစင်ဝင်းဂါးလက်အောက်မှာကတည်းက စပိန်သားတစ်ယောက် ထိပ်တန်းနည်းပြတစ်ဦး ဖြစ်လာမယ့်အနေအထားမျိုးဆိုတာကို ပြသနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အမြင်တွေပြောင်းလဲခဲ့တာက အာတီတာတစ်ယောက် အာဆင်နယ်ကစားသမားဘဝမှာကတည်းက အတွေ့အကြုံရှိနေတာကြောင့်ပါ။ အဲ့တာက ကျွန်တော်တို့ထိပ်ဆုံး ၄ သင်းနေရာအတွက် ကစားနေရတဲ့အချိန်ပါ။ ကျွန်တော်တို့ ၃၀ မိနစ်လောက် လေ့ကျင့်ခန်းဆင်းခဲ့ပြီး နည်းပြတစ်ဦးအဖြစ် အဝတ်လဲခန်းထဲမှာ ကစားသမားအားလုံးကို ပိတ်ပြီးစကားပြောခဲ့ပါတယ်။ သူက အဲ့နေရာတစ်ခုလုံးကို ထိန်းချုပ်ပြီး ဘယ်လိုလုပ်မလဲဆိုတာ ပြောခဲ့ပါတယ်။ အဲ့အခိုက်အတန့်က ကျွန်တော့်အမြင်ကိုပြောင်းလဲစေခဲ့တာပါ။ အဲ့နောက် ကျွန်တော် သူနည်းပြတစ်ဦးဖြစ်လာမယ်လို့ တွေးခဲ့တာပါ။ အာစင်က လေ့ကျင့်ခန်းဆင်းဖို့ အပြင်ကနေ ကျွန်တော်တို့ကိုစောင့်နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့က မထွက်လာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အာတီတာက ပိတ်ထားခဲ့တာကြောင့်ပါ။ သူ့မှာသန်မာတဲ့စရိုက်လက္ခဏာရှိသလို အာစင်ဝင်းဂါးတောင် သူ့ကိုထိတ်လန့်ပါတယ်”လို့ ဝဲလ်ကော့က ပြောကြားခဲ့ပါတယ်။
အာတီတာဟာ ၂၀၁၉ ခုနှစ်မှာ မန်စီးတီး အသင်းရဲ့လက်ထောက်နည်းပြနေရာကနေထွက်ခွာပြီး အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ စပိန်သားဟာ အမ်မရီနေရာမှာ ဆက်ခံခဲ့ပြီး အာဆင်နယ်ကိုပြောင်းလဲပေးခဲ့ကာ ၂၀၁၉ - ၂၀ ရာသီမှာ အက်ဖ်အေဖလား နဲ့ နောက်တစ်ရာသီအစမှာ အက်ဖ်အေကွန်မြူနတီဒိုင်းဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
အာတီတာကတော့ အခုရာသီသစ်မှာလည်း ရာသီကြိုအစီအစဉ်အတွက် အသင်းကိုကြိုတင်ပြင်ဆင်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။