
မက်ဒရစ်ဒါဘီတွင် ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို နောင်တရနေတဲ့ ဆီမြွန်နီ
စနေနေ့က ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ လာလီဂါ ဒါဘီဘီပွဲတွင် ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးများအတွက် ပေးဆပ်ခဲ့ရပါတယ်လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။ ဂျူလီယန်အဲလ်ဗာရက်ဇ်က ပထမပိုင်းတွင် ပင်နယ်တီမှာ ဂိုးသွင်းခဲ့သော်လည်း အမ်ဘာပေက ဒုတိယပိုင်းအစ ၅ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းပေးခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ဟာ ပထမပိုင်းတွင် ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်အနက် ပင်နယ်တီမှသွင်းယူခဲ့တဲ့ ၁ ဂိုးသာ ဂိုးပေါက်တည့်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ထိုကာလအတွင်း အက်သလက်တီကိုမက်ဒရစ်က ၁.၉၀ (xG) ဖန်တီးနိုင်ခဲ့ပြီး၊ ရီးရဲလ်မက်ဒရစ် ရဲ့ xG မှာ ၀.၂၃ သာရှိခဲ့သော်လည်း ၀.၇၉ မှာ ပင်နယ်တီ ရရှိခဲ့ခြင်းဖြစ်ကာ၊ ဒုတိယပိုင်းတွင် အိမ်ရှင်အသင်းက ပွဲကို ထိန်းချုပ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် နှင့် အက်သလက်တီကိုမက်ဒရစ်တို့ဟာ ယခုအခါ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံးပွဲစဉ် သုံးပွဲအထိ သရေကျခဲ့ပြီး ၁၉၇၈ ခုနှစ် နိုဝင်ဘာမှ ၁၉၈၀ ခုနှစ် ဇန်နဝါရီအထိ ငါးပွဲသရေကျခဲ့သည့် အချိန်ကတည်းက အရှည်လျားဆုံး သရေကျမှု ဖြစ်လာခဲ့ပါတယ်။ "ပထမပိုင်းမှာ အရမ်းကောင်းအောင် ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အလမ်းတွေကို အသုံးချဖို့ မလုပ်နိုင်ခဲ့ပါဘူး"
"ကျွန်တော်တို့ အခွင့်အရေးတွေကို ပိုကောင်းအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အနိုင်ရနိုင်ခဲ့မယ့် ပွဲတစ်ပွဲလို့ ခံစားရပေမယ့် သရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်" "ဒုတိယပိုင်းမှာ ပြိုင်ဘက်က စောစောဂိုးသွင်းလိုက်တဲ့အခါ ဖိအားပေးပြီး ကစားလာကြပါတယ်" "မိနစ် ၂၀ လောက်ကြာတဲ့အခါ ပွဲကို နည်းနည်းလေး ထိန်းချုပ်လာနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။ နှစ်သင်းလုံးက ထိုက်တန်တယ်လို့ ထင်ရတဲ့ သရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်" လို့ ဆီမြွန်နီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
ဆီမြွန်နီ က ဒါဘီပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်က စပိန်လိဂ်ရဲ့ ဒိုင်လူကြီးတွေကို စာဖြင့် တိုင်ကြားခဲ့တဲ့ အငြင်းပွားမှုများနောက်ပိုင်း ဒိုင်လူကြီး ဂရာဒိုကို ချီးကျူးခဲ့ပါတယ်။ နှစ်သင်းစလုံးက တနင်္လာနေ့က အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များအတွက် မကျေနပ်ခဲ့ကြတာပါ။ အက်သလက်တီကိုမက်ဒရစ်က ဆီးဘယ်လော့စ်ရဲ့ ဘာရီအိုစ်ကို ဖြတ်ထုတ်မှုအတွက် ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် က ချူအာမီနီရဲ့ လီနိုကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပင်နယ်တီပေးလိုက်တဲ့အချက် ဖြစ်ပါတယ်။
"ဒိုင်လူကြီးက သူတတ်နိုင်သလောက် အကောင်းဆုံး ကိုင်တွယ်ခဲ့တယ်လို့ ထင်ပါတယ်" "တစ်ချို့လူတွေအတွက် ဆီဘယ်လော့စ်က တိုက်ရိုက်အနီကဒ်ပြရမယ်လို့ထင်ပြီး အနည်းဆုံးတော့ သူက VAR ကို စစ်ဆေးသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ချို့က သဘောမတူခဲ့ပါဘူး" "သူက သူ့ဆုံးဖြတ်ချက်ကို အကောင်းဆုံးချမှတ်ပြီး ဒါက သူ့ဆုံးဖြတ်ချက်ပါပဲ။ VAR အဖွဲ့ကလည်း ဒိုင်လူကြီးကို ခေါ်စရာမလိုဘူးလို့ ထင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူက အားလုံးအတွက် ကောင်းကောင်းလုပ်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆီမြွန်နီ က ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါတွင် ရမှတ် ၅၀ ဖြင့် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှ ရပ်တည်နေပြီး ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်ထက် ၁ မှတ်သာနေတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ဟာ ရီးရဲလ်မက်ဒရစ် ကို ကျော်တက်ရန် အခွင့်အလမ်းကို လက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ရမှတ် ၄၅ ဖြင့် တတိယနေရာက ဘာစီလိုနာကတော့ တနင်္ဂနွေနေ့မှာ ဆီဗီလာနှင့်ကစားရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် ကွာဟချက်ကို လျှော့ချနိုင်မယ့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။