The network connection is lost.

Banner Image

လိုက်ပ်ဇစ်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ပစ်မှတ် ဆက်စ်ကို

ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှုတွေရှိနေချိန်မှာပဲ လိုက်ပ်ဇစ်အသင်းက တိုက်စစ်မှူးဆက်စ်ကိုနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယမန်နေ့(အင်္ဂါနေ့)မှာ ESPN သတင်းဌာနက ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်တို့ စာချုပ်သစ် ချုပ်ဆိုရေး နီးစပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ ကစားသမားနဲ့ ကလပ်အသင်းတို့အကြား ဆွေးနွေးမှုတွေမတိုင်ခင် ပြီးခဲ့တဲ့ဘောလုံးရာသီတလျှောက်လုံး တိုက်စစ်မှူးကိုခေါ်ယူနိုင်ရေး ဂန်းနားတွေရဲ့ စောင့်ကြည့်မှု အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၁၈ ဂိုးအထိ သွင်းယူနိုင်ပြီးနောက် ဥရောပတလွှားစိတ်ဝင်စားမှုတွေကို စွဲဆောင်နိုင်ခဲ့တဲ့ အသက်-၂၁ နှစ်အရွယ် တိုက်စစ်မှူးက အင်္ဂလန်ကလပ်အသင်းတွေရဲ့အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။

ဆက်စ်ကိုက “ကျွန်တော့်အတွက် လိုက်ပ်ဇစ်အသင်းမှာ ကောင်းမွန်တဲ့ ဗွေဆော်ဦးဘောလုံးရာသီတစ်ခု ရှိခဲ့ပြီး ဒီအသင်းနဲ့အတူ ဆက်ရှိနေရလို့ အတိုင်းအဆမရှိ ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော့်အတွက်တော့ ကလပ်အသင်းရော၊ ဒီမြို့တော်ကြီးရော၊ ပရိသတ်တွေရော အားလုံးက ရိုးရိုးရှင်းရှင်းနဲ့ ထူးထူးခြားခြားဖြစ်နေဆဲပါ။ ဒါကြောင့် အခုလိုစာချုပ်သက်တမ်းတိုးမှုက ကျွန်တော့်အတွက်တော့ ယုတ္တိရှိတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆက်စ်ကိုက လာမယ့်သောကြာနေ့မှာ စတင်မယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာလည်း ဆလိုဗေးနီးယားအသင်း အတွက် ပါဝင်ကစားပေးသွားပါလိမ့်မယ်။ သူက လက်ရွေးစင်အဆင့်မှာ ၂၉ ပွဲကစား၊ ၁၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။