The network connection is lost.

Banner Image

လိုက်ပ်ဇစ်ကြယ်ပွင့်ကို အမိအရခေါ်ယူဖို့ လီဗာပူးဆီ တိုက်တွန်းလိုက်တဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြဟောင်းယာဂန်ကလော့ပ်က လိုက်ပ်ဇစ်တောင်ပံကစားသမားယန်ဒီအိုမန်ဒီကို ခေါ်ယူဖို့ အန်ဖီးလ်တာဝန်ရှိသူတွေဆီ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ 

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ အသင်းမှ ထွက်ခွာတော့မယ့် ဂန္ထဝင်ကစားသမားမိုဟာမက်ဆာလက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဒီအိုမန်ဒီဟာ အသင့်တော်ဆုံးလူဖြစ်တယ်လို့ ကလော့ပ်က လီဗာပူးဒါရိုက်တာတွေဆီ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကလော့ပ်ဟာ လက်ရှိမှာ လိုက်ပ်ဇစ်အသင်းကို ပိုင်ဆိုင်တဲ့ Red Bull အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားလို့ ဒီအိုမန်ဒီအကြောင်း အတော်လေးသိရှိနားလည်ထားပါတယ်။

ဒီတောင်ပံကစားသမားကို အခုရာသီမှာ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေကြပြီး လီဗာပူးအသင်းကတော့ အခုသီတင်းပတ်အတွင်း ကလော့ပ်ရဲ့အကြံပြုချက်မတိုင်ခင်ကတည်းက ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းဘက်ကတော့ ဒီနွေရာသီမှာ ဒီအိုမန်ဒီကို လက်လွှတ်ဖို့ ဆန္ဒမရှိဘဲ သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေဆီ ယူရိုသန်း ၁၀၀ ထက်မနည်းတဲ့ ပြောင်းရွှေ့ကြေးပေးရမယ်လို့ အသိပေးထားပါတယ်။