The network connection is lost.

Banner Image

တန်ဟက်နှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ပြန်တွေ့ရပြီဖြစ်တဲ့ ဆန်ချို

ဆန်ချိုကို လူငယ်ပရိသတ်တစ်ဦးနှင့် ကွင်းလယ်ကစားသမား မိုင်နူးတို့နှင့်အတူ ယူနိုက်တက်ရဲ့လေ့ကျင့်ရေး အင်္ကျီဝတ်ထားကာ ပို့စ်ပေးနေတာကိုတွေ့ခဲ့ရပါတယ်။

လက်ထဲမှာ လက်ကိုင်ဖုန်းနှင့် ဦးထုပ်ကို ကိုင်ဆောင်ထားတဲ့ ဆန်ချိုဟာ လူငယ်ပရိသတ်လေးနဲ့အတူ ဓာတ်ပုံရိုက်ဖို့အတွက် ရပ်တန့်ခဲ့ပြီး ပြုံးပြခဲ့ပါတယ်။ အဆိုပါဓာတ်ပုံက မနေ့က ရိုက်ထားတဲ့ပုံဖြစ်ပြီး ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်တွင် ပဲလေ့စ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲကစားနေစဉ်တွင် ဆန်ချိုက လေ့ကျင့်ရေးကွင်းမှာရှိနေတာဖြစ်ပါတယ်။

ဆန်ချိုဟာ သြဂုတ်လ ၂၆ ရက် နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီးနောက်ပိုင်း အသင်းတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ တန်ဟက်ရဲ့ လူသိရှင်ကြားဝေဖန်ခြင်းမခံရမီ အာဆင်နယ်ရဲ့အိမ်ကွင်းသို့ သွားရောက်ကစားခဲ့တဲ့ ပွဲအတွက် လူစာရင်းကနေ သူက ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ သူ့ရဲ့ပို့စ်ကို မဖျက်ခင် ဆိုရှယ်မီဒီယာမှာ ပြန်လည်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ထို့နောက် ဆော်ဒီပရိုလိဂ်သို့ နောက်ကျပြောင်းရွှေ့မှုက ဇဝေဇဝါဖြစ်ခဲ့သော်လည်း နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အပြောင်းအရွှေ့မှာ အကောင်အထည်မပေါ်ခဲ့ပါဘူး။

ဆန်ချိုဟာ ယူနိုက်တက် ပထမအသင်းကနေ ထွက်ခွာခဲ့ပြီး သူ့ဘာသာသူ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ ကလပ်စားသောက်ဆိုင်နှင့် လေ့ကျင့်ရေးကွင်းအပါအဝင် ပထမအသင်းရဲ့နေရာအားလုံးမှကို အသုံးပြုခြင်းကနေ တားမြစ်ခြင်းခံခဲ့ရပါတယ်။ မနေ့ညက ပဲလေ့စ်နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မယ့်ပွဲမတိုင်ခင် ဆန်ချိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တန်ဟက်အား ထပ်မံမေးမြန်းခဲ့ပြီး အခြေအနေအပေါ် ငြီးငွေ့နေတာကို မကွယ်မဝှက်ဘဲ ပြောကြားခဲ့ပါတယ်။

ဆန်ချိုဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို ပြန်လည်ရှင်သန်လာစေမယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးရာမှာ တန်ဟက်က ခေါင်းခါလိုက်ပြီး "တော်တော်များများက ဒီမေးခွန်းကို မကြာခဏ မေးတတ်ကြပြီး အားလုံးကို ပြောပြီးပါပြီ" လို့ ဖြေကြားခဲ့ပါတယ်။ အခြေအနေ ဘယ်လောက်ကြာကြာ ဆက်ရှိနေနိုင်မလဲလို့ မေးတဲ့အခါမှာတော့ "ကျွန်တော်ပြောသမျှထဲမှာ အာလုံးကို ပြောပြီးပြီ" လို့ နည်းပြက ပြောပါတယ်။

လက်ရှိအဖြစ်အပျက်အတွက် တစ်ခုတည်းသော ဆုံးဖြတ်ချက်ဟာ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် ဇန်နဝါရီ အပြောင်းအရွှေ့က ဖြစ်လာမယ်လို့ ထင်ရပါတယ်။