The network connection is lost.

Banner Image

ယူရို ၂၀၂၄ မတိုင်ခင် အမ်ဘာပေရဲ့အပြောင်းအရွှေ့ကို ကြေညာသွားမယ့် ရီးရဲလ်မက်ဒရစ်

ပီအက်စ်ဂျီစူပါစတားတိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ အသင်းနဲ့ ဇွန်လ ၃၀ ရက်နေ့အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ရီးရဲလ်မက်ဒရစ်က ကစားသမားကို ၂၀၂၄ ယူရိုပြိုင်ပွဲ မတိုင်ခင်မှာပဲ သူတို့ရဲ့ကစားသမားအသစ်အဖြစ် ကြေညာသွားမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သို့သော်လည်း လက်ရှိမှာတော့ စပိန်လာလီဂါချန်ပီယံတွေဟာ ဒေါ့မွန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အပြည့်အဝအာရုံစိုက်ထားတာကြောင့် ပြင်သစ်လက်ရွေးစင် ကစားသမားရဲ့အပြောင်းအရွှေ့ကို ဒီအပတ်အတွင်းမှာ ကြေညာဖို့ အလားအလာမရှိဘူးလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့အတွက် ကာလရှည်ကြိုးပမ်းခဲ့ပြီး ယခုအခါမှာတော့ အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် ပြင်သစ်မြို့တော်ကနေ ထွက်ခွာမယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင် ကစားသမားရဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့သတင်းတွေက မကြာခဏထွက်ပေါ်နေခဲ့ပြီး ယခုအခါမှာ ၂၀၂၄ ယူရိုမတိုင်ခင် ကြေညာချက်ထုတ်ပြန်ဖွယ်ရှိသော်လည်း အဆိုပါသတင်းတွေဟာ ပြင်သစ်အသင်းအတွက် ထိခိုက်မှုရှိမှာမဟုတ်ပါဘူးလို့ နည်းပြ ဒက်စ်ချမ့်စ်က ဆိုပါတယ်။

ဒက်စ်ချမ့်စ်က “ဒါတွေက ကျွန်တော့်အပေါ်မမူတည်ပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေကို အသင်းနဲ့ တတ်နိုင်သလောက် လိုက်လျောညီထွေဖြစ်ဖို့ ဆောင်ရွက်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။


မိုနာကိုကြယ်ပွင့်ဟောင်း အနေနဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့နိုင်ဖို့အတွက် လာမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ကာလတွေမှာစောင့်ကြည့်သွားရမှာဖြစ်ပြီး စပိန်ကလပ်နဲ့စာချုပ် စတင်ချုပ်ဆိုပြီးရင်တော့ ၂၀၂၄ ယူရိုပြိုင်ပွဲကို အပြည့်အဝအာရုံစိုက်သွားနိုင်မှာဖြစ်ပါတယ်။