
တိုက်စစ်ပိုင်းပြဿနာရှိနေပေမယ့် ရှေ့ဆက်သွားရမယ်လို့ ပြောကြားလိုက်တဲ့ အာတီတာ
အာဆင်နယ်အသင်းနည်းပြ အာတီတာက တိုက်စစ်ပိုင်းပြဿနာရှိနေပေမယ့် မိမိတို့အနေနဲ့ ရှေ့ဆက်သွားရမယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်မှာ လက်ရှိတိုက်စစ်ပိုင်းအတွက် အားထားရမယ့်ကစားသမားနည်းပါးလာခဲ့ပြီဖြစ်ကာ ဆာကာ ၊ ဂျီးဆပ်စ် ၊ မာတီနယ်လီ နဲ့ အခု ဟာဗက်ဇ်ပါ ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်သားကတော့ တံကောက်ကြောဒဏ်ရာကြောင့် လက်ကျန်ရာသီကို လွဲချော်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒုတိယနေရာကနေ လီဗာပူးအသင်းကို ဖိအားပေးနေဆဲဖြစ်ပြီး လက်ကျန် ၁၄ ပွဲမှာ လီဗာပူးအသင်းက ၇ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ ဂျီးဆပ်စ်ကလည်း တစ်ရာသီလုံးနားရမယ့်အနေအထားမှာ ဆာကာအပြင် မာတီနယ်လီကော ဟာဗက်ဇ်ကိုပါ ထပ်မံလက်လွှတ်ထာားခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်တိုက်စစ်မှာ ထရိုဆက် ၊စတာလင် နဲ့ နွမ်နီရီတို့သာ ကျန်တော့တာဖြစ်ပြီး လာမယ့်လက်စတာနဲ့ပွဲမှာ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ “ကျွန်တော် ဒူဘိုင်းမှာ ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ခဲ့သလို အားပြန်ဖြည့်တာ ၊ လေ့ကျင့်တာ ၊ အနားယူတာအပြင် မတူညီတဲ့ပတ်ဝန်းကျင်မှာ သဘာဝနဲ့ချိတ်ဆက်တာတွေရှိခဲ့ပါတယ်။
အဲ့နောက် မထင်မှတ်ပဲ ဟာဗက်ဇ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ဘာလို့လဲဆိုတော့ ဒဏ်ရာပြဿနာများနေတာကြောင့်ပါ။ ဒဏ်ရာပြဿနာများနေပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်နေရာမှာရှိနေလဲဆိုတာ မြင်နိုင်ပါတယ်။ အသင်းက ဘာလုပ်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရပါမယ်။
အဲ့တာက မတော်တဆဖြစ်ခဲ့တာပါ။ တကယ်လို့ ဆက်ပြီးအလုပ်များများလုပ်မယ်ဆိုရင် ဒါမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲ့တာက ဘောလုံးရာသီတစ်ခုဖြစ်သလို ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ အဲ့တာက ပြင်ဆင်မှုဖြစ်သလို နည်းလမ်းလည်းဖြစ်ပါတယ်။ တစ်စုံတစ်ခုကို ထောက်ပြဖို့ဆိုတာ ခက်ခဲမှုတွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ပွဲစဉ်ဇယားကလည်း ကျွန်တော်တို့အတွက် အရမ်းကိုကြီးတဲ့တောင်းဆိုမှုပါ။
ကျွန်တော် အခြေအနေတွေကို အလေးထားပါတယ်။ တစ်ဦးချင်းကနေ အရဲစွန့်တာမျိုးကို ရှောင်ရှားပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နေချိန်မှာ ခင်ဗျားတတ်နိုင်တာကိုပဲ လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကို နောင်တရနိုင်ပေမယ့် အနည်းဆုံးတော့ ကြိုးစားခဲ့တာကို မြင်ရပါမယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။