
အေဂျက်စတားကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အေဂျက်နောက်ခံလူ ဟာတိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ talkSPORT သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ ခံစစ်ပိုင်းကိုအားဖြည့်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုနွေရာသီမှာ ချဲလ်ဆီးအသင်းဟာ ကစားသမား ၇ ဦးထက်မနည်းခေါ်ယူထားပြီးဖြစ်ပေမယ့် ခံစစ်ပိုင်းအတွက် စထရာဘော့ဂျ်စတား မာမာဒိုဆားကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
သတင်းတွေအရ ခံစစ်ပိုင်းဗဟိုအပြင် ဘယ်နောက်ခံလူနေရာအတွက် ချဲလ်ဆီးက ကစားသမားသစ်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဘယ်နောက်ခံလူနေရာအတွက်တော့ အေဂျက်အသင်းဘက်က ကနဦး ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့ ဟာတိုကို စိတ်ဝင်စားနေပြီး လီဗာပူးအသင်းကလည်း ခေါ်ယူချင်နေပါတယ်။
ခံစစ်ဗဟိုနေရာအတွက်တော့ ဗီလာရီးရဲလ်အသင်းဟာ ဒီဆာဆီကိုစိတ်ဝင်စားနေတာကြောင့် ပေါင်သန်း ၃၀ လေက်နဲ့ရောင်းချပြီး အခြားစတားတစ်ဦးကိုခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီးနောက် လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာ လေဗာကူဆင်အသင်းနဲ့ ခြေစမ်းပွဲကန်မှာဖြစ်ပါတယ်။