The network connection is lost.

Banner Image

ချဲလ်ဆီးနောက်ခံလူမာမာဒူဆားကို အငှားဖြင့်ခေါ်ယူဖို့ ဆိုစီဒက် ကြိုးပမ်းနေ

ရီးရဲလ်ဆိုစီဒက်က စီနီယာအသင်းပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ မျှော်လင့်နေတဲ့ ချဲလ်ဆီးနောက်ခံလူမာမာဒူဆားကို အငှားဖြင့်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Foot Mercato ရဲ့အဆိုအရ စပိန်ထိပ်သီးကလပ်က စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ပြီးနောက် နေရာရရှိဖို့ ရုန်းကန်နေရတဲ့ ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

မာမာဒူဆားကို အယ်လ်ဟီလယ်အသင်းလည်း စိတ်ဝင်စားနေပြီး ကလပ်အသင်းရဲ့ အနာဂတ်စီမံကိန်းတွေကို ရှင်းပြထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံ့လက်ရွေးစင်အသင်းဖော်ကူလီဘာလီနဲ့ တွဲကစားနိုင်မယ့် အခွင့်အရေးကလည်း မာမာဒူဆားရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်လာနိုင်ပါတယ်။

မာမာဒူဆားက လီဂူးဝမ်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိပြီးနောက် ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့ ညီအစ်မကလပ်အသင်းဖြစ်တဲ့ စထရာဘော့မှ အနောက်လန်ဒန်အရပ်ဆီ ရောက်ရှိလာသူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အတွက် အင်္ဂလန်မြေမှာ ပွဲကစားခွင့် အကန့်အသတ်ရှိနေလို့ ချဲလ်ဆီးအတွက် ခုနစ်ပွဲသာ ပါဝင်ကစားထားနိုင်ပါတယ်။

အခုလိုအခြေအနေတွေကြောင့် မာမာဒူဆားက ဆီနီဂေါနည်းပြပါပီသီအောရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ပါဝင်လာပေမဲ့ ပွဲထွက်ကစားခွင့်တော့ မရရှိခဲ့ပါဘူး။