The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲမှာ လီဗာပူးအသင်းစတား အထုတ်မခံရတာကို အံ့သြနေတဲ့ ဖာဒီနန်

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က လီဗာပူးနောက်ခံလူ ကိုနာတေးတစ်ယောက် ပီအက်စ်ဂျီနဲ့ပွဲမှာ အထုတ်မခံရတာကို အံ့သြနေပါတယ်။ ပီအက်စ်ဂျီစတား ဘာကိုလာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် လီဗာပူးအသင်းပရိသတ်တွေက ကိုနာတေးအခြေအနေကို စိုးရိမ်နေပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် မက်ဆာက VAR ကိုကာလရှည်စစ်ဆေးခဲ့ပြီးနောက် ဆက်ကစားဖို့ ညွှန်ကြားခဲ့ပါတယ်။ 

ယူနိုက်တက်ဂန္ထဝင်ဟောင်းကတော့ ကိုနာတေးတစ်ယောက် အထုတ်မခံရတာကို အံ့အားသင့်နေပါတယ်။ “အဲ့တာက ပြစ်ဒဏ်ဘောပါ။ နောက်ကနေတွန်းခဲ့တာပါ။ အဲ့တာက အနီကတ်မဟုတ်ခဲ့တာကို ကျွန်တော် အံ့အားသင့်မိပါတယ်။ ၁၀ ယောက်တည်းနဲ့ကန်ရမယ်ဆိုရင် အဲ့တာက ရှက်စရာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ မိနစ် ၉၀ လုံး အကောင်းဆုံးကစားသမားတွေလိုချင်မှာပါ။ ဒါပေမယ့် အဲ့တာက ပြစ်ဒဏ်ဘောပါ။ လီဗာပူးအသင်းဟာ နိုးထဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ထိတ်လန့်စရာ ၂ ခုရှိခဲ့ပါတယ်။ သူတို့ ၂ ဂိုးမပေးရတဲ့အပြင် ၁၀ ယောက်မဖြစ်ခဲ့တာက ကံကောင်းပါတယ်။ လီဗာပူးအသင်းကံကောင်းခဲ့တာကို ကျွန်တော် မယုံကြည်နိုင်ဖြစ်ရပါတယ်။ ဘာကိုလာ နဲ့ ကိုနာတေး ပခုံးချင်းဆိုရင် ကျွန်တော်နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကိုနာတေးက နောက်ကနေ အကြိမ်ရေအများစွာတွန်းခဲ့တာပါ။ VAR ဘယ်လိုတောင် မစစ်ဆေးတာလဲ”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

“အဲ့တာက ပြစ်ဒဏ်ဘောလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် လီဗာပူးအသင်းအတွက် ကြီးမားတဲ့ကံကောင်းမှုပါ”လို့ ဘောလုံးကျွမ်းကျင်သုံးသပ်သူ အလီက ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ကာဗာစခီလီယာရဲ့သွင်းဂိုးက လူကျွံနေတာကြောင့် နစ်နာခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ ပထမပိုင်း ၄၅ မိနစ်မှာ လီဗာပူးအသင်းထက်ပိုကောင်းခဲ့ပြီး အလီဆင်ကြောင့်သာ လီဗာပူးအသင်း သက်သာရာရခဲ့တာဖြစ်ပါတယ်။

“ပီအက်စ်ဂျီရဲ့ပထမပိုင်းမှာ တကယ်ကောင်းတဲ့အသင်းပါး။ သူတို့က လုံး၀ ပြည့်စုံခဲ့ပါတယ်။ အမှန်ဆို သူတို့ဂိုးရခဲ့သင့်တာပါ”လို့ အလီက ပြောကြားခဲ့ပါတယ်။ စလော့တ်ရဲ့လီဗာပူးအသင်းဟာ ပထမရာသီဝက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး လက်ရှိမှာလည်း ဖလား ၃ လုံး လမ်းကြောင်းပေါ်ရှိနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကလည်း အကောင်းဆုံးအနေအထားမှာရှိနေခဲ့တာဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ အန်ဖီးလ်မှာကန်မယ့် ဒုတိယအကျော့အတွက် အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။