ဘုန်းမောက်နဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ် ပြန်လာနိုင်တယ်လို့ ဖွင့်ဟလာတဲ့ အာမိုရင်
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို တော့တင်ဟမ်နဲ့ပွဲမှာ ချန်လှပ်ခဲ့ပြီးနောက် ခြေလှမ်းအသစ်တွေကို ပြောပြလာခဲ့ပါတယ်။ ယခုအပတ်အစောပိုင်းက ရက်ရှ်ဖို့ဟာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
၂၇နှစ်သားဟာ ဒီနှစ်ရာသီ ၂၄ပွဲကစားရာမှာ ၇ဂိုးသွင်းယူထားခဲ့ပြီး မန်စီးတီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။ အာမိုရင်က "မနက်ဖြန်မှာ ကျွန်တော်တို့ လေ့ကျင့်ခန်း အစီအစဉ်ရှိပါတယ်။ ရက်ရှ်ဖို့ဒ်လည်း လာမယ့်ပွဲအတွက် ပြင်ဆင်သွားမှာပါ။ သူက ယူနိုက်တက်ကစားသမားဖြစ်ပြီး ယူနိုက်တက်မှာ အားလုံးက အနာဂတ်ရှိကြပါတယ်။"လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေညမှာ ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။