The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ကစားပုံကို သုံးသပ်လိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အနေနဲ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၀-၁ နဲ့ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းက ရိုးရှင်းပါတယ်လို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

 

ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်က နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ယူနိုက်တက်ကို ၀-၁ နဲ့အနိုင်ရရှိခဲ့တာကြောင့် တန်ဟက်ရဲ့အသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ် ၄ ပွဲမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။ တန်ဟက်က ယူနိုက်တက် ဂိုးဧရိယာထဲမှာ အပိုင်အခွင့်အရေးတွေရရှိခဲ့သော်လည်း ဆုံးဖြတ်ချက်ပြတ်သားမှုမရှိခဲ့လို့ သွင်းဂိုးမရရှိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

နယ်သာလန်သားက "ဒီရှုံးနိမ့်မှုက တကယ်ကိုရှင်းလင်းပါတယ်။ ကျွန်တော်တို့ သူတို့ကို အခွင့်အရေး ၃ ကြိမ်ပဲခွင့်ပြုခဲ့ရတာပါ။ သူတို့ရဲ့ဂိုးက ပြစ်ဒဏ်ဘောကနေတစ်ဆင့်ရရှိသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘောလုံးကိုထိန်းချုပ်ပြီး မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေရှောင်ရှားသင့်ပါတယ်။ အဲဒါက မလိုအပ်ပဲ ပြုလုပ်ခဲ့တဲ့ ပြစ်ဒဏ်ဘောတစ်ခုပါ။ ပြီးတော့ ကျွန်တော်တို့ဟာ ဂိုးဧရိယာထဲမှာလည်း ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေမချနိုင်ခဲ့ကြပါဘူး။ ပွဲပြီးကာနီးအချိန်တွေမှာလည်း ကျွန်တော်တို့အကောင်းဆုံးမကစားနိုင်ခဲ့ကြပါဘူး" လို့ပြောကြားခဲ့ပါတယ်။

 

ယူနိုက်တက်ရဲ့ စိတ်ပျက်စရာကောင်းခဲ့တဲ့ တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီး‌တော့ တန်ဟက်က "တိုက်စစ်ပိုင်းက ကစားပုံပျက်ပြားခဲ့ပါတယ်။ ကစားချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတော့မရရှိခဲ့ပါဘူး။ အကြိမ်ပေါင်းများစွာ ဂိုးရရှိဖို့နီးစပ်ခဲ့ပေမယ့် ‌စည်းကမ်းနဲ့အညီ မကစားနိုင်ခဲ့ကြပါဘူး။ အာရုံစူးစိုက်ပြီး ထက်ထက်မြက်မြက်ကစားမယ်ဆိုရင် ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ အရည်‌အသွေး‌တွေရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။

 

သို့‌သော် တန်ဟက်က ယူနိုက်တက်ကစားသမားတွေက ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ကြောင်းကို "အချိန်အခါတိုင်းက တသမတ်တည်းရှိမနေပါဘူး။ တစ်ခါတလေမှာ အေးဆေးတည်ငြိမ်ပေမယ့် တစ်ခါတလေမှာတော့ တိုက်ရိုက်ဖြစ်တတ်ပါတယ်။ နောက်ပွဲတွေမှာတော့ ကျွန်တော်တို့ ပိုပြီးလူပေးကစားဖို့လိုပါမယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဂိုးဧရိယာထဲမှာ ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသားချမှတ်နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့မှာ ဒီနေ့မှာကစားခဲ့တဲ့ပွဲက ကစားပုံထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ယခုရှုံးပွဲက နောက်ထပ်သင်ခန်းစာတစ်ခုဖြစ်ကြောင်းကို "ကစားခဲ့တဲ့ပွဲတွေကနေ အမြဲတမ်း သင်ခန်းစာယူရပါမယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့အနေနဲ့ ပွဲရဲ့ နောက်ပိုင်းအ‌ချိန်တွေမှာ ပိုကောင်းအောင်လုပ်ရမယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဂိုးခွင့်ပြုထားရရင်တောင် နိုင်အောင်ကန်နိုင်ရပါမယ်။ နိုင်ဖို့အတွက် နည်းလမ်းနိုင်ရပါမယ်။ ဒါပေမယ့် ဒီပွဲမှာတော့ နိုင်မယ့်နည်းလမ်းမရှာနိုင်ခဲ့လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။

 

ဆက်လက်ပြီး ယခုနှစ်ပရီးမီးယားလိဂ်ရာသီရဲ့ ၄ ပွဲမြောက်ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး "ဒါက ဆိုးရွားတဲ့စတင်မှုပါ။ ကျွန်တော်တို့အမှီလိုက်နိုင်ဖို့လိုပါတယ်။ အခုအခြေအနေက မလုံလောက်ပါဘူး။ အထူးသဖြင့် ပရိသတ်တွေအတွက် စိတ်ပျက်စရာပါ။ ကျွန်တော်တို့အနေနဲ့သေချာပေါက် အ‌တူတူရပ်တည်၊ အတူတူတိုက်ခိုက်ပြီး တိုးတက်အောင်ပြုလုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

 

နောက်ဆုံးအနေနဲ့ ဂါလာတာစာရေးနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်နဲ့ပတ်သက်ပြီး "ကျွန်တော်တို့ ဒါကို မပြောင်းလဲနိုင်တော့ပါဘူး။ ကျွန်တော်တို့ ပြောင်းလဲနိုင်တဲ့ အရာကအနာဂတ်ဖြစ်ပြီး အင်္ဂါနေ့မှာ ကစားရမယ့်ပွဲပါ" လို့ပြောကြားခဲ့ပါတယ်။