The network connection is lost.

Banner Image

ချဲလ်ဆီးကိုအရေးနိမ့်ပြီးနောက် ကစားသမားသစ် ၇ ဦးလောက်ခေါ်ယူမယ့် ပီအက်စ်ဂျီ

ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဟာ အခုနွေမှာကစားသမားသစ် ၇ ဦးလောက်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ရခဲ့ပြီးနောက် အခုလည်း ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ချေအများဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်မှတ်ထားသလိုဖြစ်မလာခဲ့ပဲ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့အရေးနိမ့်ကာ ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။


အဆိုပါအခြေအနေကြောင့် ပီအက်စ်ဂျီတာဝန်ရှိသူတွေဟာ အခုနွေမှာအပြောင်းအလဲလုပ်မှာဖြစ်ပြီး ကစားသမားသစ် ၇ ဦးလောက်ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။ ပြင်သစ်သတင်းဌာန L’Equipe ရဲ့အဆိုအရ ပီအက်စ်ဂျီဟာ လာမယ့်ရာသီသစ်အတွက် အပြောင်းရွှေ့ဈေးကွက်ထဲမှာလှုပ်ရှားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂိုးသမားနေရာက ဦးစားပေးမဟုတ်ပေမယ့်လည်း ဒွန်နာရမ်မာထွက်ခွာနိုင်ချေကို တွက်ချက်ပြီး ခေါ်ယူဖွယ်ရှိနေပါတယ်။ အီတလီသားကို ယူနိုက်တက်က အနီးကပ်စောင့်ကြည့်နေပြီး ချဲလ်ဆီးကလည်း အလိုရှိနေတယ်လို့ သိရပါတယ်။ ခံစစ်ပိုင်းမှာလည်း နောက်ခံလူ ၂ ဦးလောက်ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘုန်းမောက်နောက်ခံလူ ဇာဘာနီကို ပစ်မှတ်ထားနေပါတယ်။

ဘာရယ်ဒိုထွက်ခွာခဲ့ရင် အသင့်အစားထိုးနိုင်မယ့် ဘယ်ခြေအားသန်ကစားသမားကို ခေါ်ယူထားချင်နေပါတယ်။  ဒါ့အပြင် ကင်ပန်ဘီ နဲ့ ဟာနန်ဒက်ဇ်တို့နေရာအတွက်လည်း အင်တာမီလန်နောက်ခံလူ စကင်နီရာကို ချိတ်ဆက်နေပါတယ်။ Full- back အတွက် ဟာကီမီ နဲ့ မန်ဒက်စ်တို့ရှိနေပေမယ့်လည်း နောက်ထပ်ကစားသမား၂ ဦးထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ကွင်းလယ်ပိုင်းအတွက်လည်း ကင်မစ်ချ်လိုအတွေ့အကြုံပြည့်ဝတဲ့ကစားသမားမျိုးကို ခေါ်ယူချင်နေပါတယ်။ ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်ပို့စ်က တိုက်စစ်ပိုင်းအတွက်လည်း အိုဆီမင် နဲ့ ရာဖေးလ်လီအိုတို့ကို ပစ်မှတ်ထားနေပါတယ်။ အပြောင်းအရွှေ့ပိတ်ဖို့က ၆ ပတ်လောက်သာလိုအပ်တော့တာဖြစ်ပြီး လာမယ့် ၂ ပတ်အတွင်းမှာ ပီအက်စ်ဂျီက ရာသီကြိုခရီးစဉ်စတင်မှာဖြစ်တာကြောင့် အဲ့မတိုင်ခင် အပြောင်းအရွှေ့တွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရာသီသစ်မတိုင်ခင် ပီအက်စ်ဂျီဟာ ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ကန်ရမှာဖြစ်ပါတယ်။