ပီအက်စ်ဂျီကချိတ်ဆက်နေချိန်မှာ ဗီရိုနာနဲ့ပွဲလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ နာပိုလီစတား
သတင်းတွေအရ နာပိုလီတောင်ပံကစားသမား ခဗာရက်စ်ခီလီယာတစ်ယောက် ပီအက်စ်ဂျီနဲ့ဆွေးနွေးနေချိန်မှာပဲ ဗီရိုနာနဲ့ပွဲလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အီတလီသတင်းတွေအရ ပီအက်စ်ဂျီဟာ ဂျော်ဂျီယာသားကို ပေါင် ၅၉ သန်းနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ နာပိုလီနည်းပြ ကွန်တီကလည်း ခဗာရက်စ်ခီလီယာတစ်ယောက် အသင်းကနေထွက်ခွာနိုင်တယ်ဆိုတာကို ကြိုတင်သိရှိထားပြီး လီဗာပူးအသင်းကလည်း ချိတ်ဆက်နေပါတယ်။
ကွန်တီကတော့ ဂျော်ဂျီယာစတားနေရာမှာ အစားထိုးဖို့ပြင်ဆင်နေပြီး ကူလူဆက်စကီးကို အလိုရှိနေပါတယ်။ ပီအက်စ်ဂျီဘက်က စကင်နီရာ နဲ့ အဆန်စီရိုတို့ကို အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပါတယ်။
ခဗာရက်စ်ခီလီယာဟာ ဒီရာသီစီးရီးအေ ၁၇ ပွဲမှာ ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ကာ စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပါတယ်။ နာပိုလီဟာ အတ္တလန္တာနဲ့ပွဲမတိုင်ခင် တနင်္ဂနွေနေ့မှာ ဗီရိုနာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားမှာ အတ္တလန္တာနဲ့ ၃ မှတ်အကွာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။