The network connection is lost.

Banner Image

အမျိုးသမီးယူရိုပြိုင်ပွဲမှာ ဂျိုတာ နဲ့ သူ့အကိုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ပေးခဲ့တဲ့ ပေါ်တူဂီအမျိုးသမီးအသင်း

ပေါ်တူဂီအမျိုးသမီးအသင်းဟာ စပိန်အသင်းနဲ့ရင်ဆိုင်မယ့်ပွဲမတိုင်ခင် ကားအက်ဆီးဒင့်ကြောင့် ရုတ်တရက်ကွယ်လွန်ခဲ့တဲ့ ဂျိုတာ နဲ့ သူ့ညီဖြစ်သူအန်ဒရီတို့အတွက် ၁ မိနစ်ခန့်ငြိမ်သက်ပေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် လီဗာပူးစတား နဲ့ သူ့ညီဖြစ်သူ အန်ဒရီတို့ဟာ စပိန်မြေမှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့ပြီး ၂ ယောက်စလုံး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းရဲတပ်ဖွဲ့တွေကတော့ သူတို့ ၂ ယောက်စီးနင်းလာခဲ့တဲ့ လန်ဘော်ဂီနီကားတာယာပေါက်ကွဲမှုကြောင့် မီးလောင်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ အတည်ပြုထားခဲ့ပါတယ်။ ဂျိုတာဟာ သူ့ရဲ့ဇနီးသည် ကာဒိုဆိုနဲ့ လက်ထပ်ထား ၂ ပတ်တောင်မပြည့်သေးချိန်မှာ အခုလိုသတင်းဆိုးမျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်အပြီးမှာ တစ်ကမ္ဘာလုံးကပရိသတ်တွေအပြင် ဘောလုံးသမားတွေအပါအဝင် အားလုံးက ဝမ်းနည်းကြောင်းမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ လီဗာပူးအသင်းပရိသတ်ကလည်း အန်ဖီးလ်ကွင်းအပြင်ဘက်မှာ  စုရုံးပြီး ပေါ်တူဂီသားကိုအမှတ်တရအားပေးမှုတွေလုပ်ဆောင်ပေးခဲ့ကြပါတယ်။ ပရိသတ်တွေဟာ ဂျိုတာရဲ့နာမည်ဘန်နာတွေ နဲ့ မက်ဆေ့ချ်တွေကိုင်ဆောင်ပြီး အားပေးခဲ့သလို ပေါ်တူဂီအမျိုးသမီးအသင်းကလည်း စပိန်အသင်းနဲ့ပွဲမတိုင်ခင် ၁ မိနစ်ခန့်ငြိမ်သက်ပေးခဲ့ပါတယ်။

ဂျိုတာကွယ်လွန်ခဲ့ပြီးနောက် ယူအီးအက်ဖ်အေဘက်ကလည်း ကြာသပတေး နဲ့ သောကြာနေ့မှာကျင်းပမယ့် ပွဲစဉ် ၄ ပွဲစလုံးမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်သက်ပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘယ်လ်ဂျီယံ နဲ့ အီတလီတို့အပြင် ဆွစ်ဇာလန်အသင်းဘက်ကလည်း ၁ မိနစ်ခန့်ငြိမ်သက်ပေးမှာဖြစ်ပါတယ်။ ပရိသတ် ၃၂၀၀၀ ဝင်ဆန့်တဲ့ကွင်းမျက်နှာပြင်မှာ ဂျိုတာရဲ့ပုံကိုတင်ချိန်မှာ ပေါ်တူဂီအသင်းနည်းပြ နက်တိုတစ်ယောက် မျက်ရည်ဝဲခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျိုတာရဲ့နိုးထခြင်းကို ပေါ်တိုအပြင်ဘက်မှာ မနက်ဖြန် ၃ နာရီအတွင်းကျင်းပမှာဖြစ်ပြီး သူ့ရဲ့သူငယ်ချင်း နဲ့ မိသားစုဝင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ အဲ့နောက် အသုဘအခမ်းအနားကို စနေနေ့ မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။ ဂျိုတာဟာ အခုလိုမဖြစ်ခင်မှာ အသေးစားခွဲစိတ်မှုကြောင့် လေယာဉ်မစီးဖို့ ဆရာဝန်တွေက အကြံပြုထားချိန်မှာ ကားနဲ့ အင်္ဂလန်ကိုပြန်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်ကတော့ ဂျိုတာဟာ အစားထိုးမရနိုင်တဲ့ကစားသမားမျိုးဖြစ်သလို အသင်းဘက်ကဂုဏ်ပြုပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

“အခုလိုဝမ်းနည်းဖွယ်အခိုက်အတန့်မှာ ကျွန်တော်တို့အနေနဲ့ တာဝန်အပြည့်အဝရှိပါတယ်။ ဒီယေဂိုကိုလည်း ဂုဏ်ပြုပေးမှာဖြစ်သလို သူ့မိသားစုကိုလည်း အားပေးသွားမှာပါ။ ဒီယေဂိုကို ဆုံးရှုံးလိုက်ရတာက သူ့ဇနီးသည် ၊ ကလေးတွေ ၊ မိသားစုဝင်တွေအတွက် စိတ်ကူးယဉ်လို့မရနိုင်တဲ့ဆုံးရှုံးမှုပါ။ အခုဖြစ်ရပ်က ဒီယေဂိုတင်မဟုတ်ပဲ သူ့ညီအန်ဒရီကိုပါခေါ်ဆောင်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ၂ ယောက်စလုံးအတွက် ထပ်တူဝမ်းနည်းရပါတယ်။ ကျွန်တော်တို့ သူတို့မိသားစုဝင်တွေရဲ့ကိုယ်ရေးကိုယ်တာကို လေးစားရမှာဖြစ်သလို သူတို့လိုအပ်တာတွေကိုလည်း လုပ်ဆောင်ပေးရမှာပါ။ 

လီဗာပူးအသင်းသားတွေ ၊ ဝန်ထမ်းတွေ နဲ့ ဒီမှာရှိတဲ့သူတွေလည်း အခုဖြစ်ရပ်အတွက် အံ့အားသင့်နေသလို ဝမ်းနည်းနေကြပါတယ်။ လာမယ့်ရက်တွေမှာ ကျွန်တော်တို့ချစ်ရတဲ့ကျောနံပတ် ၂၀ အတွက် အသင်းဘက်က ဂုဏ်ပြုပေးသွားမှာပါ။ အခုချိန်မှာတော့ ကျွန်တော်တို့ချစ်ရတဲ့ဒီယေဂိုအတွက် နှလုံးသားထဲကနေ ပူဆွေးသလို နာကျင်ရပါတယ်။ ကျွန်တော်တို့အတွက်တော့ သူကအစားထိုးမရတဲ့ဆုံးရှုံးမှုပါ”လို့ အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။