The network connection is lost.

Banner Image

အာတီတာရဲ့ ကစားသမားသစ် မခေါ်ယူနိုင်ခဲ့ခြင်းအပေါ် ဝေဖန်လိုက်တဲ့ ပီးရက်စ်မော်ဂန်

ဇန်နဝါရီဈေးကွက်တွင် ဒဏ်ရာများစွာရရှိနေတဲ့ အသင်းအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရွေးချယ်မှုမပြုဘဲ နွေရာသီမှာသာ တိုက်စစ်အင်အားကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားတဲ့အတွက် အာဆင်နယ်ဟာ ငွေကြေးကို ချွေတာထားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွင် ငွေကြေးသုံးစွဲရန် မလိုလားခဲ့တာကြောင့် သွင်းဂိုးရရှိဖို့အတွက် ထရိုဆက်၊ စတာလင်၊ ကိုင်ဟာဗက်ဇ် နှင့် မာတင်နယ်လီ တို့လို ကစားသမားတွေအပေါ် တာဝန်ရှိသွားပြီဖြစ်ပါတယ်။

သို့သော်လည်း ထို ၄ ဦးထဲမှ ၂ ဦးဟာ ဈေးကွက်ပိတ်ပြီးနောက် ဒဏ်ရာရရှိခဲ့ပြီး အာဆင်နယ်ဟာ တိုက်စစ်မှူးစစ်စစ် မရှိနေတာလည်းဖြစ်ပါတယ်။ ဒူဘိုင်းရှိ နွေးထွေးတဲ့ ရာသီဥတုတွင် လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ဟာဗက်ဇ်က ကြွက်သားဒဏ်ရာကို ပိုမိုဆိုးရွားစေခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဓာတ်မှန်ရိုက်ရန် ရှိနေပါတယ်။ မာတင်နယ်လီကတော့ ပေါင်ရင်းကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး တစ်လကြာ နားရမှာဖြစ်ပါတယ်။

အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး အာဆင်နယ်ပရိသတ်ဖြစ်သူ ပီးရက်စ်မော်ဂန်က အာတီတာကို အဓိကထားဝေဖန်ခဲ့ပြီး သူ့ရဲ့ ငွေကြေးချွေတာမှုဟာ ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ် ဆုဖလား ရရှိရန် အခွင့်အလမ်းကို ဆုံးရှုံးစေနိုင်ကြောင်း ပြောခဲ့ပါတယ်။ "ကောင်းလိုက်တာ" လို့ မော်ဂန်က သရော်ပြီး ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသော တိုက်စစ်မှူးက ဒဏ်ရာရသွားပါပြီ"

"အာတီတာအနေနဲ့  တိုက်စစ်မှူးအသစ်တွေ ခေါ်ယူဖို့ ပျက်ကွက်ခဲ့တာ အရမ်းကြီးမားတဲ့အမှားပါ၊ အခုဆို ကျွန်တော်တို့မှာ တိုက်စစ်မှူး စစ်စစ်လုံးဝမရှိတော့ပါဘူး" လို့ ပြောပါတယ်။ တစ်ပတ်တာကာလ နားပြီးနောက် အာဆင်နယ်ဟာ ရာသီရဲ့ အရေးကြီးတဲ့ အဆင့်သို့ ရောက်လာပြီ ဖြစ်ပါတယ်။

အာတီတာရဲ့ အသင်းဟာ ယခုစနေနေ့တွင် လက်စတာနှင့် ကစားရန် ရှိပြီး နိုင်ငံကတာ အားလပ်ရက်မတိုင်မီ ဝက်စ်ဟမ်း၊ နော်တင်ဟမ်ဖောရက်စ်၊ ယူနိုက်တက်၊ ချဲလ်ဆီးတို့နှင့် ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားမယ့် ဒါဘီပွဲတွင် အဲဗာတန်ကို ရှုံးနိမ့်ပါက အာဆင်နယ်က စနေနေ့ လက်စတာနှင့် ကစားမယ့်ပွဲမှာ အမှတ်ကွာဟချက်ကို ၃ မှတ်အထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။