The network connection is lost.

Banner Image

အိုဒီဂတ်ရဲ့သွင်းဂိုးနဲ့ နာပိုလီကို အနိုင်ယူခဲ့တဲ့ အာဆင်နယ်

နာပိုလီ ၀ - ၁ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းက ယနေ့ညပွဲစဉ်မှာ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမဲ့ အဆုံးသတ်ညံ့ဖျင်းမှုတွေကြောင့် အိုဒီဂတ်ရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့သာကပ်ပြီးအနိုင်ရခဲ့ပါတယ်။

အထူးသဖြင့် ဆာကာနဲ့ မာဒူကီတို့ အပိုင်အခွင့်အရေးတွေရခဲ့ပေမဲ့ အဆုံးသတ်ဆိုးရွားမှုကြောင့် ဒီထက်ဂိုးပြတ်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

နာပိုလီကတော့ ခံစစ်ကို အားပြုကစားခဲ့တာကြောင့် ဒီဘရိုင်းရဲ့ကန်ချက်တစ်ကြိမ်လောက်သာ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး အိမ်ကွင်းမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။