အန်ဖီးလ်မှာ ပြိုင်ဘက်ကောင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ လီဗာပူး
လီဗာပူး ၂-၁ အက်သလက်တီကိုမက်ဒရစ် (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာတင် လော်ရန်တေးရဲ့သွင်းဂိုးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ဦးဆောင်ကစားနိုင်ခဲ့ပေမဲ့ လီဗာပူးရဲ့ဖိအားပေးတိုက်စစ်ဆင်မှုတွေနဲ့အတူ ပထမပိုင်းမပြီးဆုံးခင်မှာပဲ ဆိုဘိုဆလိုင်းက အိမ်ရှင်တွေအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်တွေအားလုံး ကျေနပ်ပျော်ရွှင်စေမယ့် အဖိုးတန်အနိုင်ဂိုးကို စာချုပ်သစ်မရရှိလို့ မပျော်မရွှင်ဖြစ်နေတဲ့ မက်အယ်လစ္စတာက အားပါပြင်းထန်လှတဲ့ အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်လီဗာပူးက ရလဒ်ကို ထိန်းသိမ်းရင်း ချန်ပီယံလိဂ်ခရီးလမ်းကို အနိုင်သုံးမှတ်အပြည့်ဖြင့် စတင်ခဲ့ပါတယ်။