The network connection is lost.

မန်စီးတီးအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာတဲ့ နသန်အကီရဲ့ဒဏ်ရာပြဿနာသစ်

ဒီနေ့မနက်ပိုင်း၊ ဂျာမနီအသင်းနဲ့ရင်ဆိုင်ရတဲ့ နယ်သာလန်အသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ လက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရရှိသွားတဲ့ နသန်အကီကို ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ကလပ်မန်စီးတီးအတွက် ကြီးမားတဲထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူက တံကောက်ကြောဒဏ်ရာရရှိသွားတဲ့ပုံစံမျိုးဖြစ်ပြီး ကစားသမားကိုယ်တိုင် စိတ်လှုပ်ရှားဝမ်းနည်းနေပုံဖြင့် ကွင်းတွင်းမှထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ အကီက ဒဏ်ရာအတိမ်အနက်ကို သေသေချာချာသိရှိရဖို့ နောက်ထပ်စစ်ဆေးစမ်းသပ်မှုတွေ ခံယူသွားရပါလိမ့်မယ်။

 

ပရီးမီးယားလိဂ်ချန်ပီယံတွေက အခုလကုန်မတိုင်ခင်အထိ ဘရန့်ဖို့ဒ်၊ အင်တာမီလန်၊ အာဆင်နယ်၊ ဝက်ဖို့ဒ်၊ နယူးကာဆယ်တို့နဲ့ ရင်ဆိုင်ရမယ့် ကြမ်းတမ်းတဲ့ပွဲကျပ်ကာလကို ဖြတ်သန်းရဖို့ ရှိနေမှုနဲ့အတူ အကီရဲ့ဒဏ်ရာအခြေအနေကြောင့် မန်စီးတီးတို့ ချွေးပြန်နေပါလိမ့်မယ်။ နယ်သာလန်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲစဉ်ကတော့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ 

ဒါကြောင့် ဒတ်ချ်လက်ရွေးစင်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်သုံးခုမှာ ပြိုင်ဘက်အတွက် အနည်းဆုံးပေးဂိုးနှစ်ဂိုးခွင့်ပြုပေးရတဲ့မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါက ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း နယ်သာလန်အတွက် ပွဲဆက်အရှည်ဆုံးလည်း ဖြစ်ပါတယ်။

 

မန်စီးတီးဘက်ကတော့ နသန်အကီရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ဘယ်လောက်အတိုင်းအတာအထိ ကစားသမားကို လက်လွှတ်ပေးရမလဲဆိုတာ သိရဖို့ စောင့်ဆိုင်းနေပါလိမ့်မယ်။ တဖက်မှာလည်း ပက်ဂွါဒီယိုလာရဲ့အသင်းက အခုနိုင်ငံတကာသီတင်းပတ်အပြီး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လာမယ့်စနေနေ့၊ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ကစားရပါမယ်။