The network connection is lost.

Banner Image

စပိန်ကိုအရေးနိမ့်ပြီးနောက် ဂျာမနီအသင်းကနေအနားယူမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ မူလာ

ဂျာမနီအသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးဟောင်း သောမက်စ်မူလာက စပိန်ကိုအရေးနိမ့်ပြီးနောက် နိုင်ငံအသင်းကနေ အနားယူမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာပါတယ်။

စပိန်အသင်းဟာ ဂျာမနီအသင်းကို ပွဲကစားချိန် ၁၁၉ မိနစ်မှာ သွင်းယူခဲ့တဲ့ မာရီနိုရဲ့သွင်းဂိုးနဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်စတားကတော့ စပိန်ကိုအရေးနိမ့်ပြီး ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူ့အတွက်နောက်ဆုံးပွဲဖြစ်လာနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အနားယူတာက ဖြစ်လာနိုင်ချေများပါတယ်။ ဒီပွဲက ကျွန်တော့်ရဲ့နောက်ဆုံးနိုင်ငံတကာပွဲပါ”လို့ မူလာက ပြောကြားခဲ့ပါတယ်။

မူလာအတွက်တော့ အခုယူရိုပြိုင်ပွဲက နောက်ဆုံးပွဲဖြစ်လာနိုင်ပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပါဝင်လာနိုင်ချေရှိနေပါတယ်။ 

တကယ်လို့ အနားယူခဲ့ရင်တော့ မူလာအနေနဲ့ ကမ္ဘာ့ဖလားသာရယူနိုင်ခဲ့ပြီး ယူရိုနဲ့တော့ လွဲချော်တာမျိုးဖြစ်လာမှာဖြစ်ပါတယ်။

“ဒီအသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဂျာမန်သားတစ်ဦးအနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့နဲ့အတူ ဂုဏ်ပြုပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ 

အခုချန်မှာတော့ ကျွန်တော်တို့ ပုံမှန်ဘဝကို ပြန်လည်ခံစားရတော့မှာပါ”လို့ မူလာက အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။