The network connection is lost.

Banner Image

ဥရောပမြေကနေ ထွက်ခွာမယ်လို့ အတည်ပြုလာတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမက်စ်မူလာက သူ့အနေနဲ့ ဥရောကနေထွက်ခွာမယ်လို့ အတည်ပြုခဲ့သလို ဆစ်ဒနီက ဘိုင်ယန်စတားနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂျာမန်မြေမှာ ဘိုင်ယန်နဲ့အတူ ကာလရှည်ကစားခဲ့ပြီးနောက် အခုချိန်မှာ မူလာက ဥရောပပြင်ပကိုထွက်ကစားမယ်လို့ အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ ဂျာမန်သားရဲ့အတွေ့အကြုံတွေကြောင့် အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး မေဂျာလိဂ်ကလည်း ခေါ်ယူချင်နေပါတယ်။

စကိုင်းစပေါ့တ်သတင်းဌာနကတော့ မူလာရဲ့ကိုယ်ခန္ဓာအခြေအနေဟာ ထိပ်တန်းအဆင့်မှာရှိနေဆဲလို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ မူလာကိုခေါ်ယူနိုင်ဖို့ ဘိုင်ယန်ရဲ့ပါတနာကလပ် LAFC အသင်းက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပိုင်ရှင်ဟာ ကစားသမားဘဝတစ်ခုလုံးနီးပါးကို ဘိုင်ယန်မှာပဲ ကုန်ဆုံးခဲ့တာဖြစ်ပြီး အခုနွေရာသီစာချုပ်သက်တမ်းကုန်ဆုံးချိန်မှထွက်ခွာမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားနီးကပ်လာချိန်မှာပဲ  မေဂျာလိဂ်ကလပ်တွေက မူလာကိုခေါ်ယူဖို့ လုပ်ဆောင်လာပါတယ်။ ဆစ်ဒနီသတင်းဌာနတစ်ခုကတော့ သြစတြေးလျကလပ် ဆစ်ဒနီအသင်းဟာ မူလာကိုခေါ်ယူဖို့ ချိတ်ဆက်နေပြီး ဆွေးနွးမှုတွေပြုလုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ “ကျွန်တော် ဘောလုံးဆက်ကစားချင်ပါတယ်။ အဲ့တာကြောင့် ဘယ်နေရာမှာပဲကစားရ ကစားရ အဆင်ပြေပါတယ်။ ကျွန်တော် ဘောလုံးသမားဆက်ဖြစ်ချင်ပါတယ်။ ကျွန်တော့်ကိုယ်ခန္ဓာက ဆက်ကစားနိုင်သမျှ ကျွန်တော် ကြိုးစားချင်ပါတယ်။  ဥရောပမြေမှာ ဆက်မကစားတော့တာလည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာအတွေ့အကြုံရအောင် ကျွန်တော်ထွက်ခွာနိုင်ချေရှိပါတယ်။ အဲ့အတွက်လည်း မစောင့်နိုင်အောင်ဖြစ်နေပါပြီ။

မေဂျာလိဂ်ကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့လိဂ်ပါ။ သေချာတာက လာမယ့်နှစ်ကမ္ဘာ့ဖလားကို အမေရိကမြေမှာကျင်းပမှာဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းပါတယ်”လို့ မူလာက ဖြေကြားခဲ့ပါတယ်။ မေဂျာလိဂ်ကလပ်တွေက မူလာကိုခေါ်ယူနိုင်ဖို့ အလားအလာများနေပေမယ့် ကစားသမားဘက်က အခုချိန်အထိ မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။