The network connection is lost.

Banner Image

သူအံ့သြမိတဲ့အပြောင်းအရွှေ့စတားနာမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းကိုပြောင်းလာတဲ့ကစားသမားတွေထဲက သူအံ့သြမိတဲ့ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အာတီတာအတွက် အခုနွေရာသီမှာ ပေါင်သန်း ၂၅၀ ကျော်အကုန်အကျခံပြီး ကစားသမားအသစ်တွေခေါ်ယူပေးထားခဲ့ပါတယ်။ အဆိုပါကစားသမားအသစ်တွေနဲ့အတူ အာဆင်နယ်ရဲ့လူအင်အားကတောင့်တင်းလာခဲ့ပြီး လက်ရှိမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပါတယ်။

အာတီတာက အသင်းအပြောင်းအရွှေ့အတွက် အရမ်းပျော်နေပြီး ဇူဘီမန်ဒီနဲ့ပတ်သက်ပြီး အံ့အားသင့်မိတယ်လို့ ရှင်းပြလိုက်ပါတယ်။ အာဆင်နယ်ဟာ ဆိုစီဒက်စတားကို ပေါင်သန်း ၆၀ အကုန်အကျခံကာခေါ်ယူခဲ့ပြီး လွန်ခဲ့တဲ့ ၁၂ လတုန်းက စပိန်သားဟာ လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ အခုနွေရာသီမှာတော့ ဇူဘီမန်ဒီဟာ  လီဗာပူးအသင်းကို ပယ်ချကာ အာဆင်နယ်အနေနဲ့ သူ့ကိုခေါ်ယူဖို့ ရီးရဲလ်အသင်းနဲ့အားပြိုင်ခဲ့ရတာဖြစ်ပါတယ်။

မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အာတီတာက “ကျွန်တော် နှိုင်းယှဉ်ရတာမျိုး မကြိုက်ပါဘူး။ ဇူဘီက သူ့နည်းလမ်းအတိုင်းလုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူအသင်းထံရောက်လာပြီးကတည်းက အများကြီးအကျိုးပြုနေခဲ့တာပါ။ အဲ့တာက အရမ်းခက်ခဲပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်ကိုရောက်လာတဲ့ကစားသမားတော်တော်များများကို မြင်ဖူးပါတယ်။ သူတို့ရုန်းကန်ရတာများပါတယ်။ သူတို့ဘယ်သူလဲဆိုတာကိုသိရဖို့အတွက် အချိန် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက်ယူရပါတယ်။

ပြေးအား နဲ့ မူလအတိုင် အထိုင်ကျမှုက အံ့အားသင့်စရာပါ။ ကျွန်တော်တို့ သူ့ကိုယုံကြည်မှုပေးသလို သူ့နေရာအတွက် ရှင်းရှင်းလင်းလင်းလုပ်ပေးပါတယ်။ ကျွန်တော်တို့ သူ့ကိုနေရာလွတ်ပေးသသလို အဲ့နောက် ကျွန်တော်တို့ကစားဟန်နဲ့ သူအဆင်ပြေသလို ခံစားရစေပါတယ်။ အဲ့တာက သူ့ကစားဟန်နဲ့ အဆင်ပြေစေပါတယ်။ ဇူဘီရောက်လာတာက ကျွန်တော်တို့အတွက် ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အသင်းနောက်တစ်ဆင့်တက်နိုင်ဖို့ လိုအပ်တဲ့ကစားသမားဖြစ်တာကြောင့်ပါ။

ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့အပြောင်းအရွှေ့တစ်ခုရှိခဲ့ပြီး အတိတ်ကအမှားတွေကနေ သင်ယူပါတယ်။ ကျွန်တော်တို့အခု အတူတူအရာအားလုံးလုပ်ဆောင်ပြီး တစ်ဦးနဲ့တစ်ဦး ပိုကောင်းအောင်လုပ်ဆောင်ရပါမယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက ဖူလ်ဟမ်ကို ၁-၀ နဲ့အနိုင်ယူနိုင်ခဲ့ပြီး အခုကြားရက်မှာ တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ပါတယ်။ ဆီမြွန်နီရဲ့အသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက ရီးရဲလ်အသင်းနဲ့ ၈ မှတ်ကွာဟနေပါတယ်။