အသင်းဟောင်း အာဆင်နယ်ထံပြန်ချင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မယ်လန်
သတင်းတွေအရ ဒေါ့မွန်အသင်းတိုက်စစ်မှူး မယ်လန်တစ်ယောက် နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်သားရဲ့တန်ကြေးက ပေါင် ၄၃ သန်းသာရှိနေပြီး အဆိုပါပမာဏရရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။
မယ်လန်ဟာ ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံးရာသီကိုဖြတ်သန်းနေပြီး ၂၁ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်သားဟာ ဒေါ့မွန်အသင်းရဲ့အရေးပါတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်နေပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မြေမှာ ကစားချင်နေပါတယ်။
အင်တာဗျူးတစ်ခုမှာ “ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်မှာ ကျွန်တော်လူငယ်ကတည်းက ကစားလာခဲ့တာပါ။ ပရီးမီးယားလိဂ်မှာကစားဖို့ အိပ်မက်ရှိပါတယ်။ အဲ့တာက လှပတဲ့အိပ်မက်လို့ ကျွန်တော်ထင်ပါတယ်။
အာဆင်နယ်ကို ပြန်သွားနိုင်ပါတယ်။ အာဆင်နယ်မှာ ဆယ်ကျော်သက်ကတည်းက ကစားခဲ့တာပါ။ အနှစ်သက်ဆုံးအသင်းပါ။ လူငယ်တုန်းက အဲ့မှာကစားခဲ့သလို စီနီယာအသင်းထံမှာ ပါဝင်ကစားချင်ခဲ့တာပါ။
အခုတော့ ဘောလုံးသမားဘဝအခြေအနေက မတူတော့ပါဘူး။ မှန်ပါတယ်။ ကျွန်တော် စီနီယာအသင်းနဲ့လေ့ကျင့်ခန်းဆင်းဖူးပါတယ်။ အသက် ၁၇ ၁၈ လောက်တုန်းကပါ။ ကျွန်တော် မှန်ကန်တဲ့လမ်းကြောင်းမှန်ပေါ်တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်အခု ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် ဘောလုံးကစားနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်လူငယ်အသင်းမှာကစားနေတုန်းက ကျွန်တော့်အသင်းဖော်တွေက ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ကစားနေတာကို မြင်ခဲ့ရပါတယ်။
မှန်ကန်တဲ့အရာတွေလုပ်ဆောင်နိုင်ဖို့ ထွက်ခွာရမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်”လို့ မယ်လန်က ပြောကြားခဲ့ပါတယ်။
မယ်လန်ဟာ ၂၀၁၅ တုန်းက အာဆင်နယ်ကနေ အေဂျက်အသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲ့နောက် ပီအက်စ်ဗွီအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်မှာတော့ နယ်သာလန်သားဟာ နည်းပြ တာဇစ်ရဲ့ဦးဆောင်မှုနဲ့အတူ လာမယ့်မတ်လ ၂ နေ့မှာကန်မယ့် ယူနီယံဘာလင်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
မယ်လန်ဟာ လာမယ့်မတ်လ ၁၄ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ပီအက်စ်ဗွီနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။