The network connection is lost.

Banner Image

ဝုဗ်နှင့်ကစားမယ့်ပွဲကို အိုဒီဂတ် ဘာကြောင့်လွဲချော်တာလဲ

နော်ဝေနိုင်ငံသားဟာ မိုလီနက်မှာကစားခဲ့တဲ့နောက်ဆုံး ၂ ပွဲတွင် ဂိုးသွင်းယူထားသော်လည်း တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ အသင်းနဲ့ပွဲမှာတော့ ဂန်နာတွေဟာ သူတို့ရဲ့အသင်းခေါင်းဆောင်ကို ထည့်သွင်းအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ဇာဂရက်နှင့်ပွဲမှာ အိုဒီဂတ်က မိနစ် ၉၀ ပြည့်ကစားခဲ့ပြီး သူ့ရဲ့ပုံစံအတိုင်း open play ကနေ အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘလက်ကန်းထရီးသို့ သွားရောက်ခဲ့တဲ့ပွဲကို အသက် ၂၆ နှစ်အရွယ် ကစားသမားက အဖျားရောဂါကြောင့် လွဲချော်ခဲ့ပြီး အာတီတာကအနေနဲ့ နောက်ထပ် ပြောင်းလဲမှုလုပ်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ နွေရာသီမှာခေါ်ယူထားတဲ့ မာရီနိုကို မထည့်သွင်းနိုင်ခဲ့ပေမယ့် ဒဏ်ရာက ပြန်လည်သက်လာတဲ့ ဆာလီဘာနှင့် ဝမ်နယ်ရီတို့တော့ ပါဝင်ခဲ့ပါတယ်။
"ဒီမနက်အထိ မာတင်က ဖျားနေတုန်းပါ၊ ဒါကြောင့် သူ့ကို ကျွန်တော်တို့ ထားခဲ့ရမှာပါ။ ကစားဖို့အတွက် ကြံ့ခိုင်မှုလည်း မပြည့်ပါဘူး"

"ဒဏ်ရာရရှိနေတဲ့ မာရီနိုလည်း အတူတူပါပဲ မနေ့က လေ့ကျင့်ရေးကိုတောင် သူက မလုပ်နိုင်ခဲ့ပါဘူး" လို့ အာတီတာက ပွဲမတိုင်မီမှာ ပြောပါတယ်။ ယခုလအစောပိုင်း လန်ဒန်ဒါဘီပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ပြင်သစ်ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်ထားရတာပါ။ အိုဒီဂတ်မပါဝင်တဲ့အချိန်မှာတော့ ဆာလီဘာရဲ့ ခံစစ်တွဲဖော် ဂါဘရီရယ်က အသင်းခေါင်းဆောင်အဖြစ်ပါဝင်ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဘရိုက်တန်နှင့်ပွဲမှာ ကြွက်သားဒဏ်ရာမရရှီမီ ဆာကာရဲ့နေရာတွင် အကောင်းဆုံးကစားပြထားတဲ့ အသက် ၁၇ နှစ်အရွယ် ဝမ်နယ်ရီပါဝင်နိုင်တာက အသင်းအတွက် အားတက်စရာပါ။ ဇာဂရတ်နှင့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ပြီးနောက် ဒူးဓာတ်မှန်တွင် ဒဏ်ရာမရရှိကြောင်း တွေ့ခဲ့ရပြီးနောက် လူးဝစ်စကယ်လီက ယခုပွဲစဉ်မှာ ဘယ်နောက်တန်းခံစစ်မှူးအဖြစ် ပါဝင်ခဲ့ပါတယ်။

အပြောင်းအရွှေ့မပိတ်မီ ဒေါ့မွန်သို့ ပြောင်းမယ်လို့ ကောလာဟလထွက်နေတဲ့ ဇင်ချန်ကိုတော့ အရန်ခုံမှာသာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်အတွက် ထင်ကြေးပေးမှုများရှိနေသော်လည်း ချူဟာကတော့ ဝုဗ်အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေတဲ့ထဲမှာ အာဆင်နယ်က ပါဝင်နေပြီး ဝုဗ်နည်းပြ ပါရဲယားကတော့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးဟောင်းကို ရောင်းချဖို့အတွက် အစီစဉ်မရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘရာဇီးသားအတွက် ကမ်းလှမ်းမှုတွေရှိနေပြီလားလို့မေးရာ ပါရဲယားက "ကျွန်တော်မသိပါဘူး။ သူက ကျွန်တော့် ကစားသမားဖြစ်ပြီး ရောင်းချဖို့အတွက်လည်း မဟုတ်ပါဘူး။ သူကလည်း အသင်းအတွက်ပေးဆပ်ထားပါတယ်"
"ကလပ်ကနေထွက်ဖို့ တောင်းဆိုမှုလည်း မရှိပါဘူး။ သူက အသင်းကိုကူညီလိုပြီး ကျွန်တော်တို့နဲ့အတူ ရှိချင်နေပါတယ်" လို့ ပြောပါတယ်။