
ကျွန်တော်တို့နဲ့ ပေါ့ဂ်ဘာက ချက်ချင်းကို စာချုပ်ချုပ်ဆိုချင်တာပါလို့ ပြောကြားလိုက်တဲ့ မာဆေးလ် အကြီးအကဲ
အရင်က ဂျူဗင်တပ်စ် နဲ့ ယူနိုက်တက် တို့မှာ ကစားခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ရပ်နားခံထားရတဲ့ အရေးယူမှု ၄ နှစ်ကနေ ၁၈ လအထိ လျှော့ချပေးခံရပြီးနောက် မတ်လမှာ ပြန်လည်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ အခုဆိုရင် Free Agent တစ်ယောက်ဖြစ်နေပြီး မာဆေးလ်နဲ့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ ဘီနာတီယာ က L'Equipe သို့"ပေါ့ဂ်ဘာ က ထူးခြားတဲ့သူပါ။ သူဟာ ကျွန်တော်နဲ့ လွန်ဂိုရီယာတို့ကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ယောက်ပါ"
"အသင်းတစ်သင်းအတွက် ပေါ့ဂ်ဘာလို ခေါင်းဆောင်ကောင်းတစ်ယောက်၊ စစ်မှန်တဲ့ဘောလုံးသမားတစ်ယောက်၊ စိတ်အားထက်သန်တဲ့သူတစ်ယောက်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် နောက်ဆုံးနှစ်တွေမှာ သူ့မှာ ဒဏ်ရာတွေရခဲ့ပြီး ဒီလိုအရေးယူခံရမှုတွေလည်း ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ လုပ်ချင်ခဲ့ပါတယ် ဒါပေမယ့် ပြဿနာက သူ့မှာ လက်ရှိအခြေအနေမှာ ကစားနိုင်တဲ့ပုံမပေါ်သေးတာပါ"
"သူ့အတွက် လက်ရှိမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ သင့်တော်ပါ့မလား။ ဘာလို့လဲဆိုတော့ သူဟာ ဒီရာသီအကုန်အထိ အသင်းအတွက် အသုံးဝင်မှာမဟုတ်သေးပါဘူး။ ဒါ့အပြင် မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ" "ကျွန်တော်သိတာက သူကတော့ လာချင်နေမှာပါ၊ ကျွန်တော်တို့လည်း လာမယ့် ၆ လအတွင်း အခြေအနေတွေကို စောင့်ကြည့်မှာဖြစ်ပြီး တစ်ခုခုလုပ်ဖို့အဆင်ပြေရင် ပေါ့ဂ်ဘာ လိုကစားသမားမျိုးကို နောက်နှစ်မှာ အသင်းအတွက် ကူညီဖို့ ဝမ်းသာစွာကြိုဆိုမှာပါ။ ဒါပေမယ့် အခွင့်အရေးတစ်ခုတော့ ဖြစ်လာဖို့လိုပါတယ်" လို့ ပြောပါတယ်။