The network connection is lost.

Banner Image

သူ့လက်ထက်မှာ ချဲလ်ဆီးအသင်းက မတိုးတက်လာဘူးဆိုတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက စတန်းဖို့ဒ်ဘရစ်မှာ တာဝန်ယူပြီးနောက်ပိုင်းမှာ အသင်းတိုးတက်မှုမရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အသင်းအနေနဲ့ တိုးတက်လာကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတာဟာ ပြီးခဲ့တဲ့ရာသီတွေက ဥရောပပြိုင်ပွဲဝင်ခွင့်မရခဲ့တာတွေနဲ့စာရင် သိသာတဲ့ တိုးတက်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အသင်းကို အကောင်းဆုံးအခြေအနေတစ်ခုဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ မော်ရီစီယိုပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် မာရက်စ်ကာက ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ မာရက်စ်ကာက ယခုနှစ်အစောပိုင်းမှာ ခက်ခဲတဲ့အချိန်တွေဖြတ်သန်းခဲ့ရပေမဲ့ ချဲလ်ဆီးအသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အသင်းရဲ့တိုးတက်မှုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ မာရက်စ်ကာက "ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာခဏဖြေကြားခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်နဲ့ယှဉ်ရင်တော့ ဒါဟာ ရှုံးနိမ့်မှုတစ်ခုမဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဘယ်နှစ်ကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့လို့လဲ။ ဘယ်နှစ်ကြိမ်လဲ။ တစ်ကြိမ်မှမရခဲ့ဘူး။ အခုတစ်ရာသီလုံး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတာက တိုးတက်မှုတစ်ခုပါပဲ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်နဲ့ယှဉ်ရင် တိုးတက်မှုတွေရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ"လို့ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက  "ရလဒ်တွေအရပြောရရင် ဒီကလပ်ကို သူတို့နေရာမှန်ကိုရောက်အောင် ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။ ရလဒ်တွေကတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်က ကျွန်တော်က နည်းပြတစ်ယောက်အနေနဲ့ရော၊ ကလပ်အသင်းအနေနဲ့ပါ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေရှိပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရောက်ရှိနေပါတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ရောက်ရှိသွားမှာပါ"လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယနေ့ညမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ထပ်အရေးကြီးပွဲစဉ်အဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။