
နောက်ထပ်အာဆင်နယ်လူငယ်စတားတစ်ဦးကို ထပ်မံခေါ်ယူနိုင်လိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ အာဆင်နယ်လူငယ်စတား ဟဲဗန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၁၈ နှစ်သားဟာ အာဆင်နယ်ရဲ့စာချုပ်သစ်ကို ငြင်းဆန်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး စနေနေ့တုန်းက ဆေးစစ်မှုခံယူခဲ့ပါတယ်။
သူ့ရဲ့စာချုပ်ထဲမှာ ဟဲဗန်းအနေနဲ့ အာမိုရင်ရဲ့စီနီယာအသင်းထံ တိုက်ရိုက်ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ ရိုမာနိုကတော့ အစောပိုင်းတုန်းက ဟဲဗန်းကို ဖရန့်ဖတ်အသင်းက ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟဲဗန်းတစ်ယောက် အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ ၃ ကြိမ်ပါဝင်ခဲ့သလို ကာရာဘောင်ဖလားပွဲအဖြစ် ကိုချက်စတာနဲ့ပွဲမှာ စီနီယာကစားသမားဘ၀ ပထမဆုံးပါဝင်ခွင့်ရခဲ့ပါတယ်။
လက်ရှိမှာတော့ အသက် ၁၈ နှစ်သားဟာ အင်္ဂလန်ယူ - ၁၈ နဲ့ ၁၉ အသင်းတွေကို ကိုယ်စားပြုကစားနေပါတယ်။
“ယူနိုက်တက်ကိုပြောင်းခွင့်ရလို့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော့်အိပ်မက်အမှန်တကယ်ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။
ကျွန်တော် ပွဲအတွင်းမှာ အောင်မြင်မှုယူချင်ပါတယ်။ ကျွန်တော်တိုးတက်ပြီး ကစားသမားကောင်းဖြစ်လာအောင် ကျွန်တော် လုပ်ဆောင်သွားမှာပါ”လို့ ဟဲဗန်းက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်လူငယ်ကစားသမားတွေကို စောင့်ကြည့်နေပြီး ဟဲဗန်းမတိုင်ခင်တုန်းက လူငယ်စတား ချီဒိုအိုဘီမာတင်ကို ခေါ်ယူထားခဲ့သေးတာဖြစ်ပါတယ်။
အာမိုရင်ရဲ့အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။