
ပေါလ်စခိုးရဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ လီဆန်ဒရိုမာတီနက်ဇ်
ပေါလ်စခိုးဟာ လက်ရှိ သရဲနီ ကြယ်ပွင့်တွေကို နှစ်သက်သူမဟုတ်ပါဘူး။ ဒါကြောင့် မကြာသေးမီက ကလပ်အနေနဲ့ အရင်က ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရန်ကြိုးစားနေစဉ်မှာ ကစားသမား ၈ ဦးကို ရောင်းချရန် အကြံပြုခဲ့ပါတယ်။ အဲ့ဒီ ကစားသမားများတွေထဲမှာ အန်တိုနီနှင့် ရက်ရှ်ဖို့ဒ်တို့ပါဝင်မယ်လို့ ခန့်မှန်းနိုင်ပေမယ့် ပိုမိုအံ့အားသင့်စရာကတော့ ပေါလ်စခိုးဟာ မာတီနက်ဇ် နှင့် ဒီလစ်ချ် တို့ကို ရောင်းချရန်ပါ အကြံပြုခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံသားဗဟိုခံစစ်မှူးဟာ လက်ရှိတွင် ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လက်ကျန်ရာသီတစ်လျှောက် နားရမှာဖြစ်သော်လည်း ဒါဟာ အသင်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ပေါလ်စခိုးက မထင်နေတာဖြစ်ပါတယ်။ The Overlap Fan Debate သို့ ပေါလ်စခိုးက "သူ ကြံ့ခိုင်နေတဲ့အချိန်မှာတောင် ပရီးမီးယားလိဂ်ဖလား ကို ရဖို့ မလုံလောက်ပါဘူး" လို့ ပြောပါတယ်။
စခိုးရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုများကို လူမှုကွန်ရက်ပေါ်ကနေ မာတီနက်ဇ်က "ဒီ 'mufa' က တကယ့်ကို နာကျင်စေပါတယ်။ သူ့ကိုသာ အာဂျင်တီးနားမှာ ထားရင် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး" လို့ ရေးသားကာ တုံ့ပြန်ခဲ့ပါတယ်။ သူရဲ့ တုံ့ပြန်ချက်ကို သူ၏ မိခင်ဘာသာစကားဖြစ်တဲ့ စပိန်ဘာသာဖြင့် ရေးသားခဲ့ပြီး 'mufa' ဆိုတာက အာဂျင်တီးနားတွင် ကံဆိုးမှုများ ယူဆောင်လာသူကို ရည်ညွှန်းသည့် စကားလုံးတစ်လုံး ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ခံစစ်မှာ အပြုသဘောဆောင်တဲ့ အချက်များကို ပေါလ်စခိုးက မမြင်မိနေတာ ဖြစ်ပါတယ်။ လူငယ်ကစားသမားဖြစ်တဲ့ ယိုရိုကိုပင် မယုံကြည်သော်လည်း သူ့ကို သက်သေပြရန် အချိန်ပိုပေးမယ်လို့ ပြောဆိုထားကာ အခြားခံစစ်မှူးတွေထဲက အထူးသဖြင့် ဒီလစ်ချ်ကို ရောင်းချရန် အကြံပြုခဲ့ပါတယ်။ "သူ့အသက် ၂၅ နှစ် နဲ့ သူကစားခဲ့တဲ့ ကလပ်အရေအတွက်က ကျွန်တော့်ကို စိတ်ပူစေပါတယ်။ အေဂျက်စ်မှာ သူက အရမ်းကောင်းခဲ့ပါတယ် အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာသလို ခံစားရပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်တို့က သူ့ကို တစ်ခုခုကြောင့် လက်လွှတ်လိုက်တာပါ"
"မင်းရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ။ ကျွန်တော်က ပရီးမီးယားလိဂ်ဖလားကိုရဖို့ အသင်းတစ်သင်းရဖို့ အကြောင်း ပြောနေတာပါ။ ဒီလစ်ချ်နဲ့ ယိုရိုတို့ကို ဗဟိုခံစစ်မှူးတွေအဖြစ် ထားပြီး ပရီးမီးယားလိဂ်ကို အနိုင်ရနိုင်မှာလား" "ပရိသတ်တွေက သူတို့ကို အတော်လေးကောင်းတယ်လို့ ထင်တယ်လို့ ပြောခဲ့ပါတယ်။ အတော်လေးကောင်းတာက လုံလောက်ပြီလား"
"ယိုရိုဆိုတာက လူငယ်ကစားသမားတစ်ယောက်ပါ ဒါပေမယ့် ကျွန်တော် မြင်ခဲ့ရတာတွေကို မကြိုက်မိပါဘူး။ ဆောက်သမ်တန်နဲ့ ပွဲကို မြင်ပါသလား။ သူက လူငယ်ကစားသမားတစ်ယောက်ပါ ကျွန်တော် ဗဟိုခံစစ်မှူး နှစ်ယောက်အကြောင်း ပြောတဲ့အခါ သူက ကျွန်တော် ထားချင်တဲ့ တစ်ယောက်ပါ" လို့ ပေါလ်စခိုးက ပြောပါတယ်။
ပဲလေ့စ်နှင့် ကစားခဲ့တဲ့ပွဲတွင် မာတီနက်ဇ်က ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် လက်ကျန်ရာသီဝက်နှင့် နောက်ရာသီအတွက် အချိန်အတန်ကြာ နားရမှာဖြစ်ပါတယ်။ "ယူနိုက်တက်ကအနေနဲ့ မာတီနက်ဇ်ဟာ ပဲလေ့စ်နှင့် ပွဲတွင် ဒူးဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ပါတယ်" "ဒဏ်ရာအတွက် ကုသမှုနှင့် ပြန်လည်ကြံ့ခိုင်ဖို့အတွက် အချိန်ကာလကို ဆုံးဖြတ်ရန် ဒဏ်ရာရဲ့ အခြေအနေကို ဆက်လက်စစ်ဆေးနေပါတယ်"
"ယူနိုက်တက်ရှိလူတိုင်းက မာတီနက်ဇ် ပြန်လည်ကြံ့ခိုင်ဖို့အတွက် ဆုတောင်းပေးနေပြီး ကြံ့ခိုင်မှုအတွက် လုပ်ဆောင်မှုတစ်လျှောက်လုံးကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်" လို့ ယူနိုက်တက်က ထုတ်ပြန်ကြေညာထားပါတယ်။