The network connection is lost.

Banner Image

ဒေါ့မွန်မှာတုန်းက သူမခေါ်ယူခဲ့လို့ နောင်တရမိတဲ့စတား ၃ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြဟောင်း ကလော့ပ်က သူဒေါ့မွန်မှာတုန်းက မခေါ်ယူခဲ့မိုလို့ နောင်တရမိတဲ့စတား ၃ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းမှာ အရာအားလုံးအနိုင်ရရှိခဲ့တာဖြစ်ပြီး နှစ် ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် ၂၀၁၉ မှာ ချန်ပီယံလိဂ်ဆုဖလားကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ့မွန်မှာလည်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ၂ ကြိမ်ဆက်ရယူနိုင်ခဲ့ပြီး ဘိုင်ယန်ရဲ့စိုးမိုးထားမှုကို ချေဖျက်နိုင်ခဲ့ပါတယ်။

နည်းပြဘဝအပြင် ကစားသမားခေါ်ယူမှုမှာလည်း ကလော့ပ်ဟာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ ဆာလက် ၊ ဗန်ဒိုက် ၊ လီဝန်ဒေါစကီးအပြင် နာမည်ကျော်တော်တော်များများကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဒေါ့မွန်မှာတုန်းက မခေါ်ယူခဲ့မိလို့ နောင်တရမိတဲ့ကစားသမား ၃ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။လက်ရှိ ရက်ဒ်ဘူးလ်အသင်းရဲ့အရေးပါတဲ့တာဝန်ကိုယူထားတဲ့ ကလော့ပ်က ဒေါ့မွန်မှာတုန်းက မာနေးကို မခေါ်ယူနိုင်ခဲ့လို့ နောင်တရမိတယ်လို့ ပထမဆုံးပြောကြားခဲ့ပါတယ်။

“ပရိသတ်တွေထဲက ဒေါ့မွန်ပရိသတ်အနည်းငယ်ကို ကျွန်တော် မာနေးအား ဒေါ့မွန်ထံမခေါ်ယူပေးနိုင်လို့ တောင်းပန်ပါတယ်။ ကျွန်တော် အဲ့တုန်းက ငယ်ရွယ်ပြီး အသိမကြွယ်သေးတာကြောင့်ပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် အဲ့လိုမဟုတ်တော့ပါဘူး။ အဲ့နောက် လီဗာပူးရောက်တော့ သူတို့ မာနေးကို ဈေးကြီးပေးပြီးခေါ်ယူခဲ့ရပါတယ်။ ကျွန်တော်တောင် ဈေးများလို့ အံ့အားသင့်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ဈေးနည်းနည်းနဲ့ ခေါ်ယူခွင့်ရတာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ကလော့ပ်က ဆွန်ဟောင်မင်ကိုလည်း ဟမ်းဘာ့ဂျ်မှာမှာတုန်းက မခေါ်ယူနိုင်ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ “ဆွန်က အဲ့အချိန်တုန်းက ဟမ်းဘာ့ဂျ်မှာ ကစားနေတာပါ။ ကျွန်တော် သူ့ကိုမခေါ်ယူနိုင်ခဲ့ပါဘူး။ ဘာကြောင့် သူ့ကိုမခေါ်ယူနိုင်ခဲ့လဲဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး။ ပရီးမီးယားလိဂ်ရောက်တော့ သူ့ကိုမြင်တော့မှ အိုးမိုင်ဂေါ့တ် ကျွန်တော်အရမ်းတုံးအလွန်းတာပဲလို့တောင် တွေးမိခဲ့ပါသေးတယ်။

နောက်တစ်ကြိမ်လည်း ဒေါ့မွန်ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ ဒီဘရိုင်းကိုခေါ်ယူနိုင်ဖို့ တော်တော်လေးနီးစပ်ခဲ့တာပါ။ အဲ့နောက် သူက ကျွန်တော်တို့ ဖလားဖိုင်နယ်မှာ ဝုလ်ဘတ်နဲ့ ဖြုတ်ချခဲ့ပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ စီးတီးကိုမပြောင်းခင် ဝုလ်ဘတ်အသင်းနဲ့ တောက်ပခဲ့တာဖြစ်ပြီး အဲ့နောက် စီးတီးမှာ ပရီးမီးယားလိဂ် ၆ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် နဲ့ ကလပ်ကမ္ဘာ့ဖလားတစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။

ကလော့ပ်မရောက်ခင်မှာ လီဗာပူးအသင်းဟာ ၉ ရာသီလောက်ဆုဖလားအောင်မြင်မှုနဲ့ လွဲချော်ခဲ့တာဖြစ်ပြီး ဂျာမန်သားရောက်လာမှသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ၂၀၂၃ - ၂၄ ရာသီမှာ ကလော့ပ်တစ်ယောက် အသင်းကနေထွက်ခွာခဲ့ပြီး လက်ရှိမှာတော့ စလော့က ဆက်လက်တာဝန်ယူနေပါတယ်။ ကလော့ပ်တည်ဆောက်ခဲ့တဲ့အရှိန်အဟုန်ကြောင့် စလော့အနေနဲ့ ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ အခြေအနေကောင်းနေပြီး ၉ ပွဲကန်ဖို့ ကျန်နေချိန်မှာ ဒုတိယနေရာက အာဆင်နယ်ကို ၁၆ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ အခုရာသီမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် ယူနိုက်တက်ရဲ့ဆုဖလားစံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။