The network connection is lost.

Banner Image

မန်စီးတီးမှထွက်ခွာဖြစ်မယ်ဆိုရင် ဘာလုပ်သွားဖို့စီစဉ်ထားသလဲဆိုတာ အံ့အားသင့်ဖွယ်ထုတ်ပြောလာတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက နိုင်ငံ့လက်ရွေးစင်အသင်းတစ်ခုနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ ပက်ဂွါဒီယိုလာက မန်စီးတီးအတွက်ပဲ အာရုံစိုက်ထားပေမယ့် အနာဂတ်မှာ ကမ္ဘာ့ဖလား၊ ယူရိုနဲ့ ကိုပါအမေရိကတို့လို နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ချင်တယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။

Reuters နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပက်ဂွါဒီယိုလာက “ ကမ္ဘာ့ဖလားပဲဖြစ်ဖြစ်၊ ယူရိုမှာပဲဖြစ်ဖြစ်၊ ကိုပါအမေရိကပြိုင်ပွဲဖြစ်ဖြစ် ကျွန်တော် ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။ ဒီလိုအတွေးမျိုး ကျွန်တော့်မှာ အမြဲတမ်းရှိထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအတွေးမျိုးလက်တွေ့ဖြစ်ပေါ်လာဖို့ဆိုတာ ကိစ္စများစွာအပေါ် မူတည်ပါတယ်။ တကယ်လက်တွေ့ဖြစ်လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ မဖြစ်လာဘူးဆိုရင်တော့ ပိုပြီးတောင် အဆင်ပြေနေပါဦးမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ပက်ဂွါဒီယိုလာက မန်စီးတီးနဲ့အတူ ၂၀၂၇ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလောမှာ မန်စီးတီးအသင်းလူစာရင်းဖောင်းပွလွန်းနေတယ်ဆိုရင် အသင်းကို သူဆက်လက်ကိုင်တွယ်မှာမဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းရဲ့ အီတီဟတ်အနာဂတ်အပေါ် ထင်ကြေးပေးမှုတွေလည်း ဆက်ရှိနေပြီး သိပ်မကြာခင်ကာလမှာ မန်စီးတီးနဲ့အတူ သူ့ရဲ့အချိန်တွေကို ရပ်တန့်ပစ်လိမ့်မယ်ဆိုတဲ့ အရိပ်အမြွက်ပြောဆိုမှုအချို့လည်း ထွက်ပေါ်နေပါတယ်။

လတ်တလောမှာ ပက်ဂွါဒီယိုလာရဲ့အသင်းက အခုလအတွင်းမှာစတင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပါဝင်ယှဉ်ပြိုင်ဖို့ရှိနေပြီး အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဝိုင်ဒက်အေစီ၊ အယ်လ်အိန်း၊ ဂျူဗင်တပ်စ်တို့နဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။