
ပေါင် ၅၃ သန်းတန် ယူနိုက်တက်ကြယ်ပွင့်က တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်တဲ့ ဟွိုက်လန်း
တွဲကစားဖူးသမျှထဲမှာ လက်ရှိယူနိုက်တက် အသင်းဖော်နှစ်ဦးအကြား ဘယ်သူက အကောင်းဆုံး ကစားသမားလဲလို့ မေးမြန်းသောအခါ ဟွိုက်လန်းက ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။
အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက အီတလီကလပ် အတ္တလန္တာကနေ ပေါင် ၇၂ သန်းဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် အထနှေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ဆုံးလိဂ်ပွဲစဉ် ၅ ပွဲမှာ ၅ ဂိုး သွင်းကာ ခြေစွမ်းပြထားပြီး အင်္ဂလန်ထိပ်သီးလိဂ်မှာ အစွမ်းအစရှိတယ်ဆိုတာ ထင်ရှားပါတယ်။
အသင်းသို့ရောက်လာကတည်းက ကောင်းကောင်းကစားထားနိုင်တဲ့ ဟွိုက်လန်းဟာ ဒိန်းမတ်သင်းမှာလည်း နိုင်ငံအတွက်ကစားပေးနေတဲ့ ထိပ်တန်းကစားသမားများစွာလည်း ရှိနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်နဲ့ မားကပ်ရက်ရှ်ဖို့ဒ်တို့အကြား ဘယ်သူက အကောင်းဆုံးလဲလို့မေးတဲ့အခါ တိုက်စစ်မှူးက မဆုံးဖြတ်နိုင်ခဲ့ပါဘူး။
JD Football ရဲ့ TikTok ဗီဒီယိုတွင် စွမ်းရည်နဲ့ ပတ်သက်ပြီး ဘယ်သူက အကောင်းဆုံးလဲလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။ ထိပ်တန်းအဆင့်တွင် အသက်အရွယ်နှင့် အတွေ့အကြုံကန့်သတ်ချက်များကြောင့် တိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်ရှိ ကစားသမားအချို့နှင့် နှိုင်းယှဉ်ရန် ရွေးချယ်ဖို့ အဆင်မပြေနေတာဖြစ်ပါတယ်။
ဖာနန်ဒက်စ် ကိုယ်တိုင် အဆိုပါဗီဒီယိုထဲမှာ ထွက်ပေါ်လာပြီး သူ့ရဲ့ ယူနိုက်တက်နဲ့ ပေါ်တူဂီ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုလို့ ဖြေကြားခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာကလည်း ပေါ်တူဂီသားလို့ ဖြေကြားခဲ့ပြီး ရော်နယ်ဒိုရဲ့ ယူနိုက်တက်တို့ပြန်လာတဲ့ ၁၈ လကြာ ကာလအတွင်းအတူတွဲကစားခဲ့တာဖြစ်ပါတယ်။ "ဒါဟာ သူ့ရဲ့အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်ကြောင့်ပါ" လို့ အသက် ၃၉ နှစ် အရွယ် ရော်နယ်ဒိုအား ဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။