The network connection is lost.

Banner Image

မက်ဆီရဲ့ပီအက်စ်ဂျီကစားသမားဘဝကို ကာကွယ်ပြောကြားလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက မက်ဆီတစ်ယောက် ပီအက်စ်ဂျီမှာ နေမာ၊ ဘာပေတို့နဲ့ တွဲဖက်ပြီး "“The boss"”မဖြစ်နိုင်ဘူးလို့ ကာကွယ်ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ၂ နှစ်တာ ဖြတ်သန်းခဲ့ပေမယ့် အထိုင်ကျဖို့ရုန်းကန်ခဲ့ရပြီး အခုချိန်မှာတော့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
ဘာစီလိုနာမှာ ၇၅ ပွဲအတွင်း ၃၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာတော့ အဆိုပါစွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အွန်နရီက ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီဘက်ကနေ ကာကွယ်ပြောကြားလိုက်ကာ ပီအက်စ်ဂျီမှာ နေမာ၊ ဘာပေတို့နဲ့ တွဲဖက်ပြီး အဆင်မပြေနိုင်ဘူးလို့ ထောက်ပြခဲ့ပါတယ်။
 
ပီအက်စ်ဂျီကစားသမားဟောင်း ဂျရိုမီရိုသန်နဲ့အင်တာဗျူးမှာ အွန်နရီက “ကျွန်တော် မက်ဆီအကြောင်းပြောပါတယ်။ ကျွန်တော် အမေဇုန်ကိုရောက်တုန်းက အခြေအနေကို မင်းကိုပြန်သတိပေးပါမယ်။ အဲ့တုန်းက ငါဒီအသင်းအတွက် ကစားပေးရတာ ခေါင်းကိုက်စရာလို့ ပြောခဲ့ပါတယ်။ နောက်တစ်ကြိမ်လည်း အသင်းရဲ့တည်ဆောက်ပုံနဲ့ စုဖွဲ့ပုံကိုပြောဖြစ်ခဲ့ပါတယ်။ ငါဒါကိုနောက်တစ်ကြိမ်ပြောလို့ မင်းရယ်မယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မက်ဆီ ၊ နေမာ ၊ ဘာပေတို့နဲ့ တစ်ချိန်တည်းကစားရချိန်မှာ သူတို့အတွဲက ပိုကောင်းအောင်လုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်ပြောနိုင်တာကတော့ မက်ဆီဖြစ်တာက ကျွန်တော်ဖြစ်သလိုပါပဲ။ မက်ဆီအနေနဲ့ အာဂျင်တီးနားသားအသင်းမှာ ကစားတာက တည်ဆောက်ပုံအရ အဆင်ပြေပြီး မက်ဆီ ၃ ယောက်မရှိပဲ သူတစ်ယောက်တည်းရှိတာကြောင့်ပါ။ နည်းပြက မက်ဆီတစ်ယောက်တည်းကိုပဲ ဦးတည်ကစားတာကြောင့် တောက်ပပါတယ်။ ဒါပေမယ့် တစ်ချို့အချက်တွေကို ကျွန်တော်ပြောပြပါမယ်။ ကျွန်တော် အာဆင်နယ်ကနေထွက်ခွာတော့ အရမ်းအရေးပါတဲ့ အချက်တစ်ချက် ရှိနေပါတယ်။ ကျွန်တော် ဘာစီလိုနာကိုပြောင်းဖို့ အာဆင်နယ်ကထွက်ခွာတော့ ငိုခဲ့ပါတယ်။ တစ်နှစ်အကြာမှာ ကျွန်တော် အာဆင်နယ်ကနေ ထွက်ခွာခဲ့တာကို နားလည်မိလိုက်ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။
 
မက်ဆီ၊ နေမာ၊ ဘာပေတို့ ရှိနေလျှက်နဲ့ ပီအက်စ်ဂျီချန်ပီယံလိဂ်မရတဲ့ အကြောင်းအများကြီး ပြောခဲ့ကြသလို အခုချိန်မှာတော့ နေမာက ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းထံပြောင်းရွှေ့ခဲ့သလို မက်ဆီကလည်း အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
 
မက်ဆီဟာ အမေရိကမြေမှာခြေစွမ်းပြသနေပြီး အသင်းအတွက် ၁၁ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။