The network connection is lost.

Banner Image

ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိခဲ့တဲ့ မာဆေးလ်

ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်က ဘရိုက်တန်နည်းပြဟောင်း ရော်ဘတ်တိုဒီဇာဘီကို အသင်းမှာခန့်အပ်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိခဲ့ပြီလို့ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အီတလီသား ဒီဇာဘီဟာ ဘရိုက်တန်မှာ ၂ နှစ်ကြာနေထိုင်ခဲ့ပြီး ၂၀၂၂-၂၃ ရာသီကုန်မှာ အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်ဆောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောဝင်ခွင့်ရရှိစေခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဒီဇာဘီဟာ ဘရိုက်တန်ကနေ ထွက်ခွာလာခဲ့ပြီး အသင်းသစ်ရှာဖွေနေတာကြောင့် မာဆေးလ်ဟာ အသင်းရဲ့ကာလတိုနည်းပြ ဂျင်းလူးဝစ်ဂက်ဆက်ရဲ့နေရာမှာ အသက်-၄၅ နှစ်အရွယ်အီလီသားနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မာဆေးလ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အသင်းရဲ့နည်းပြ ဂျင်နာရိုဂတ်တူဆို ထွက်ခွာသွားကတည်းက ဂက်ဆက်ကို ကာလတိုစာချုပ်နဲ့ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ရုန်းကန်ခဲ့ရတဲ့ မာဆေးလ်အနေနဲ့ နောက်ရာသီမှာတော့ ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့မျှော်လင့်နေပြီး မကြာမီရက်ပိုင်းအတွင်းမှာပဲ ဒီဇာဘီနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။