The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဂန္တဝင် ရာအူးလ်နဲ့ ခိုင်းနှိုင်းခံရမှုအပေါ် ဂုဏ်ယူကျေနပ်နေတဲ့ ဂွန်ဇာလိုဂါစီယာ

အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လေးဂိုးအထိ သွင်းယူထားသလို ရီးရဲလ်မက်ဒရစ်မှာ အိပ်မက်တွေ ရှင်သန်နေတဲ့ ဂွန်ဇာလိုဂါစီယာကို ကလပ်ဂန္တဝင်ရာအူးလ်နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေ ရှိလာခဲ့ပါတယ်။ အသက်-၂၁ နှစ်အရွယ် ကတ်စ်တယ်လာအကယ်ဒမီထွက်တိုက်စစ်မှူးက အခုလိုချီးကျူးမှုတွေအပေါ် ဂုဏ်ယူကျေနပ်နေပြီး အလွန်ဆိုနဲ့လက်အောက် အမေရိကန်နိုင်ငံမှာ ရီးရဲလ်မက်ဒရစ်အတွက် အောင်ပွဲရှာဖွေဖို့ ဂိုးတွေတက်နိုင်သမျှသွင်းယူသွားရန် အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုတော့ သူက ရာအူးလ်နဲ့နှိုင်းယှဉ်ခံရမှုကို ဂုဏ်ယူစရာကိစ္စတစ်ခု၊ စိတ်အားလှုံ့ဆော်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်တယ်လို့ ရှင်းပြလိုက်ပါတယ်။ ဂွန်ဇာလိုဂါစီယာက “ အခု ပရိသတ်တွေက ကျွန်တော့်ကို ဂန္တဝင်ကြီးရာအူးလ်နဲ့ နှိုင်းယှဉ်နေကြပါတယ်။ ရာအူးလ်လုပ်ပြခဲ့တဲ့အရာတွေရဲ့ထက်ဝက်လောက်ကို လုပ်ပြနိုင်တယ်ဆိုရင်ပဲ ကျွန်တော့်အတွက် အိပ်မက်တစ်ခုထက်ကို သာလွန်သွားပါလိမ့်မယ်။

ကျွန်တော်က အခွင့်အလမ်းတစ်ခုအတွက် အလုပ်တွေလုပ်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါပေမယ့် ရာအူးလ်နဲ့ နှိုင်းယှဉ်ခံရမယ်ဆိုတာမျိုး ကျွန်တော့်ရဲ့အိပ်မက်ထဲမှာတောင် မရှိခဲ့ဖူးပါဘူး။ ကျွန်တော့်အတွက် ဖိအားတွေ အများကြီးရှိတယ်လို့လည်း မခံစားမိပါဘူး။ကျွန်တော်က အခုလိုအခိုက်အတန့်အတွက် အလုပ်တွေလုပ်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်။

နည်းပြရော၊ အသင်းဖော်တွေရော၊ ဝန်ထမ်းတွေအားလုံး ကျွန်တော့်ကို ယုံကြည်မှုတွေ အများကြီးပေးခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အမ်ဘာပေဆိုတာလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားစာရင်းဝင် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ သူနဲ့အတူ လေ့ကျင့်ပြင်ဆင်ရင်း သူ့ဆီမှသင်ခန်းစာတွေ ရယူနိုင်တာ အလွန်ကံကောင်းလွန်းပါတယ်”လို့ ပြောပါတယ်။