
အပြောင်းအရွှေ့နောက်ဆုံးရက်မှာ မန်စီးတီးဆီ ပူးပေါင်းလာတဲ့ ဒွန်နာရမ်မာ
မန်စီးတီးက အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ ပီအက်စ်ဂျီမှ အီတလီဂိုးသမားဒွန်မာရမ်မာကို ယူရို သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လ၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရတဲ့ ပီအက်စ်ဂျီရဲ့စူပါဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် အသက်-၂၆ နှစ်အရွယ်ဂိုးသမားကို ဥရောပချန်ပီယံတွေရဲ့နံပါတ်-၁ ဂိုးသမားအဖြစ် မရှုမြင်ကြတော့ပါဘူး။
အခုတော့ သူက နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်ပါဝင်မယ့် ငါးနှစ်စာချုပ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့အတူ ချုပ်ဆိုသွားဖို့ သဘောတူခဲ့ပါတယ်။ မန်စီးတီးက အခုနွေရာသီအစောပိုင်းမှာလည်း ဘန်လေဂိုးသမားထရက်ဖို့ဒ်ကို ခေါ်ယူခဲ့ပြီး ပရီမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်သုံးခုမှာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။
အလားတူ မန်စီးတီးက ဆွစ်ဇာလန်နောက်ခံလူအကန်ဂျီအတွက် တချို့စံနှုန်းတွေနဲ့ကိုက်ညီသွားမယ်ဆိုရင် မဖြစ်မနေအပြီးသတ်ဝယ်ယူသွားရမယ့် ရွေးချယ်ခွင့်တစ်ခုနဲ့အတူ အင်တာမီလန်ဆီ အငှားဖြင့်စေလွှတ်ဖို့ သဘောတူခဲ့ပါတယ်။ မန်စီးတီးနောက်ခံအစွန်လူကာဘိုယီကတော့ ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဝရက်ဇ်ဟမ်းဆီ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အငှားဖြင့် ထွက်ခွာသွားပါတယ်။