မက်ဆီကို ခေါ်ယူနိုင်ဖို့ စိတ်ကူးယဉ်နေဆဲဖြစ်တဲ့ လီဗာပူးဂန္ထဝင်ဟောင်း ဂျရတ်
အယ်လ်-အက်တီဖက်အသင်းနည်းပြ ဂျရတ်ကတော့ မက်ဆီကို ဆော်ဒီမြေထံ ခေါ်ယူနိုင်ဖို့ စိတ်ကူးယဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အယ်လ်နာဆာအသင်းဟာ ၂၀၂၃ တုန်းက ရော်နယ်ဒိုကို ခေါ်ယူထားခဲ့ပြီး မက်ဆီကိုလည်း ပီအက်စ်ဂျီကနေ ထွက်ခွာတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီကတော့ ဆော်ဒီမြေထက် ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းထံကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ဂျရတ်က မက်ဆီကိုခေါ်ယူနိုင်ဖို့ စိတ်ကူးယဉ်နေဆဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဂျရတ်က “မက်ဆီကို အသင်းထံ ခေါ်ယူဖို့ စိတ်ကူးယဉ်နေဆဲပါ။ သူက တကယ့်မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားပါ။ အသင်းအတွက်လည်း တကယ်ကောင်းတဲ့ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။ သူ့ကိုဆော်ဒီမြေထံခေါ်ယူဖို့ ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်တာက ဘာမှမမှားနေပါဘူး။ ရော်နယ်ဒိုကော မက်ဆီကောက ဘောလုံးသမိုင်းတစ်လျှောက် သမိုင်းဝင်ကစားသမားတွေပါ။ ရော်နယ်ဒိုက တစ်ဦးချင်းဂိုးသွင်းစွမ်းရည်ကောင်းမွန်ပါတယ်။ မက်ဆီကတော့ အသင်းလိုက်ကောင်းတဲ့ကစားသမားပါ။ သူတို့ ၂ ဦးကြား ကျွန်တော် မရွေးချယ်နိုင်ပါဘူး။ သူတို့ ၂ ဦးက ဂန္ထဝင်တွေပါ”လို့ ဂျရတ်က ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ကလပ်အသင်းမှာ ဘယ်တုန်းကမှ အတူတူမကစားခဲ့ပဲ ဘာစီလိုနာနဲ့ ရီးရဲလ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ၂ ဦးစလုံးရဲ့အသက်တွေက တော်တော်ကြီးနေပြီဖြစ်ကာ ရော်နယ်ဒိုရဲ့အသက်က ၃၉ နှစ် ၊ မက်ဆီလည်း ၃၉ နှစ်ရှိနေပြီဖြစ်ကာ ၂၀၂၅ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။