The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှာ လက်စွမ်းပြဖို့ရုန်းကန်နေရပြီး ဝေဖန်မှုတွေခံထားရပေမယ့် ဆော်ဒီပရိုလိဂ်ကလပ်တွေကတော့ ခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ဆော်ဒီပရိုလိဂ်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာပဲ ကင်မရွန်းလက်‌ရွေးစင်ကိုခေါ်ယူလိုနေတာဖြစ်ပြီး ရာသီမကုန်ခင်မှာ ကမ်းလှမ်းမှုတွေပြုလုပ်လာနိုင်တယ်လို့ သိရပါတယ်။အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယို ရိုမာနိုကလည်း ဆော်ဒီပရိုလိဂ်ကလပ်တွေဟာ အိုနာနာကို စိတ်ဝင်စားနေ‌ကြတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အိုနာနာအနေနဲ့လည်း ဝေဖန်မှုတွေနဲ့အတူ လက်စွမ်းကျဆင်းနေတာကြောင့် နယူးကာဆယ်ကို ၄-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကနေ ချန်လှပ်ခံထားခဲ့ရပါတယ်။သို့သော်လည်း အသက်-၂၉ နှစ်အရွယ်ဂိုးသမားဟာ လိုင်ယွန်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပြန်လည်ပွဲထွက်ကစားလာချေရှိပါတယ်။ 

The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေအရ အိုနာနာကို လာမယ့်နွေရာသီမှာ ရောင်းချသွားဖွယ်မရှိဘူးလို့ သိရပါတယ်။ လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လိုင်ယွန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၂-၂ နဲ့သရေကျထားခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ဖို့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာမဖြစ်မနေ နိုင်ပွဲဖော်ဆောင်သွားရပါမယ်။