ပရီးမီးယားလိဂ်မှာ ခြေစွမ်းကျဆင်းသွားတဲ့သူအဖြစ် ပြောကြားခြင်းခံလိုက်ရတဲ့ အာဆင်နယ် ကစားသမားဟောင်း
အာဆင်နယ်အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ အန်ကီတီးယားဟာ အာတီတာရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ကစားသမားဖြစ်လာခဲ့ပေမယ့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အန်ကီတီးယားဟာ အာဆင်နယ်အတွက် ၁၆၈ ပွဲကစား ၃၈ ဂိုးသွင်းယူပေးထားသော်လည်း တစ်ရာသီမှာ ၅ ဂိုးထက် ပိုမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် အင်္ဂလန်သားဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပဲလေ့စ်သို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လန်ဒန်တောင်ပိုင်းသို့ ပြောင်းရွှေ့မှုက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ အသင်းသစ်အတွက် ဂိုးမသွင်းနိုင်သေးတာဖြစ်ပါတယ်။
အန်ကီတီးယားဟာ ကာရာဘောင်ဖလားပွဲမှာသာ ပဲလေ့စ်အတွက် ၂ ဂိုး သွင်းထားပြီး ဂလက်စ်နာရဲ့အသင်းမှာ မက်တီတာရဲ့နောက်မှာသာ အရန်အဖြစ် ကစားနေရတာဖြစ်ပါတယ်။
နိုင်ဝင်ဘာလ ၂ ရက်နေ့ ဝုဗ်နှင့် ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲနောက်ပိုင်း ပဲလေ့စ်အတွက် ပွဲထွက်ကစားရခြင်းမရှိခဲ့ဘဲ လက်ရှိရာသီပရီးမီးယားလိဂ်မှာ အန်ကီတီးယားဟာ စိတ်ပျက်ဖွယ်အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ လီဟန်ဒရီက ပြောထားပါတယ်။ "ပဲလေ့စ်က အန်ကီတီးယားက ဒီရာသီမှာ အဆိုးရွားဆုံးဖြစ်ပါတယ်"
"သူဟာ ကလပ်အတွက် သန်း ၃၀ လောက် ကုန်ကျစေခဲ့ပြီး ဒီနေ့ခေတ် ပရီးမီးယားလိဂ်တိုက်စစ်မှူးတစ်ဦးအတွက် များပြားတဲ့ ပမာဏမဟုတ်ပေမယ့် ဒီလိုကစာသမားတစ်ဦးကိုခေါ်ယူဖို့ ပဲလေ့စ်က များပြားတဲ့ပမာဏကိုတော့ မသုံးခဲ့သင့်ပါဘူး။ သူ့ထံကနေ အများကြီး မျှော်လင့်မိမှာပါ"
"သူဟာ ၂ ဂိုးသာသွင်းယူထားနိုင်ပြီး တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဒီ့ထက်ပိုပြီး ဂိုးတွေ သွင်းယူဖို့ လိုအပ်ပါတယ်" လို့ ဗီလာကွင်းလယ်ကစားသမားဟောင်းက 10bet သို့ ပြောပါတယ်။ နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်တာက ကန်ကီတီးယားရဲ့ပုံစံကို ကောင်းလာဖို့ အန်ဒရီက မျှော်လင့်နေပါတယ်။
"အာဆင်နယ်မှာ သူ့ကိုကြည့်ရှုခဲ့ဖူးပြီး ရက်သတ္တပတ်တိုင်းမှာ မကစားခဲ့ရပါဘူး။ သူ့ရဲ့ဂိုးတော်တော်များများက ဂိုးဧရိယာအတွင်းသို့ပေးပို့မှုကနေ လာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပဲလေ့စ်မှာ အာဆင်နယ်လို အဲ့ဒီလိုမျိုးဘောလုံးပေးပို့နိုင်တဲ့ အရည်အသွေးမရှိပါဘူး။ သူတို့တွေက တောင်ပံတွေကနေ မကစားကြပါဘူး"
"သူက ညံ့တဲ့ကစားသမားလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒီအပြောင်းအရွှေ့က သူ့အတွက် အလုပ်မဖြစ်ဘူးလို့ပဲ ပြောချင်တာပါ။ သူ့မှာအရည်အသွေးရှိပါတယ်၊ ဂိုးတွေလည်း သွင်းနိုင်ပါတယ် ဒီက နည်းစနစ်က သူနဲ့အံ့မဝင်တာဖြစ်နိုင်ပါတယ်" "ဒီနွေရာသီမှာ ပဲလေ့စ်က ဂျော်ဒန်အေယူနှင့် အူဒိုရက်တို့ကို ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး ဒါဟာ သူ့အတွက် အကူအညီဖြစ်မေယ်လို့ ထင်ရပါတယ်။ သူတို့ဟာ အန်ကီတီးယားကို ဖိအားပေးဖို့လိုပေမယ့် သူကတော့ အဲ့ဒီလိုတော့ မဟုတ်လုပ်နိုင်သေးပါဘူး" လို့ အန်ဒရီက ပြောပါတယ်။
အန်ကီတီးယားရောက်ရှိတုန်းက ပဲလေ့စ်တိုက်စစ်မှူးနှစ်ဦးစလုံးနှင့်ကိုက်ညီမယ့်ပုံစံကို ရှာဖွေသွားမှာဖြစ်ပါတယ်လို့ နည်းပြက ပြောခဲ့ပါတယ်။ "အရန်ခုံမှာထားတယ့်သူ့အတွက် ကျွန်တော်တို့က ပေါင် ၂၅ သန်းလောက်သုံးမှာ မဟုတ်ပါဘူး။ သူ့ရဲ့အရည်အသွေး စိတ်ဓာတ်ပိုင်းနှင့် စရိုက်လက္ခဏာကို ယုံကြည်ပါတယ်။
"သူက စမတ်ကျတဲ့သူဖြစ်တာကြောင့် မတူညီတဲ့နေရာတွေမှာ ကစားနိုင်ပါတယ်။ သူက မက်တီတာထက် ပိုကောင်တဲ့ ပုံစံမျိုးရှိပါတယ်။ ရွှေ့လျားကစားပုံနဲ့ နေရာလွတ်ရှာဖွေရာမှာ အရမ်းကို နည်းစနစ်ကျတဲ့သူဖြစ်ပါတယ်" "ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းကို ပြောင်းနိုင်သလို ဒါဟာ စနစ်ကြောင့်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အလေ့အကျင့်တွေနဲ့ ပုံစံတွေကြောင့်ဖြစ်ပါတယ်။ အကောင်းဆုံးအရာကို ရှာဖွေရမှာဖြစ်ပါတယ်" လို့ ပဲလေ့စ်နည်းပြက ပြောပါတယ်။