The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြဟောင်းကို ချိတ်ဆက်နေတဲ့ ဒေါ့မွန်

သတင်းတွေအရ ဒေါ့မွန်အသင်းဟာ လက်ရှိနည်းပြ ဆာဟင်နေရာအတွက် ယူနိုက်တက်နည်းပြဟောင်း တန်ဟက်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသင်းဘက်က လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဆာဟင်ကို ထုတ်ပယ်ဖြစ်ခဲ့ရင် တန်ဟက်က အစားဝင်ဖို့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

သောကြာနေ့က ဖရန့်ဖတ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါ ၁၈ ပွဲကစားပြီးချိန် အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ဆာဟင်အနေနဲ့ ဖိအားတွေများလာခဲ့ပြီဖြစ်ပါတယ်။ဆာဟင်ကတော့ နွေရာသီတုန်းက တာဇစ်နေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ဂျာမနီကလာတဲ့သတင်းတွေအရ တကယ်လို့ ဆာဟင်အနေနဲ့ လာမယ့်ပွဲမှာ အနိုင်မရခဲ့ရင် အထုတ်ခံရနိုင်တယ်လို့ သိရပါတယ်။

ဒေါ့မွန်ဘက်က တကယ်လို့ဆာဟင်ကို ထုတ်ပယ်ခဲ့ရင် တန်ဟက်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ နယ်သာလန်သားနည်းပြဟာ နိုဝင်ဘာကတည်းက ယူနိုက်တက်ကနေထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေဆဲဖြစ်ပါတယ်။ အသက် ၅၄ နှစ်သားဟာ ဂျာမနီမြေမှာ ဂွါဒီယိုလာတစ်ယောက် ဘိုင်ယန်စီနီယာအသင်းကိုကိုင်တွယ်နေစဉ် ဘိုင်ယန် (ဘီ) အသင်းမှာ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် နယ်သာလန်မြေကိုပြန်လာခဲ့ပြီး Utrecht ကို စတင်ကိုင်တွယ်ခဲ့ကာ ယူနိုက်တက်ကိုမပြောင်းခင် အေဂျက်မှာ ကိုင်တွယ်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ တန်ဟက်အပြင် ဘိုင်ယန်စတားဟောင်း ဝက်ဂ်နာကိုလည်း ချိတ်ဆက်နေပြီး ဟိုနက်စ်ကိုလည်း ချိတ်ဆက်နေပါတယ်။ ဆာဟင်အနေနဲ့ လာမယ့် ဘိုလော့ဂ်နာနဲ့ပွဲမှာ အနိုင်ကန်ဖို့ လိုအပ်နေပြီး တကယ်လို့ အနိုင်မရခဲ့ဘူးဆိုရင်တော့ အခုရာသီမကုန်ခင်မှာတင် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရဖွယ်ရှိနေပါတယ်။