
ပိုချက်တီနို အထုတ်မခံရခင် တန်ဟက်အထုတ်ခံရနိုင်ကြောင်း ပြောကြားလိုက်တဲ့ အင်းနရစ်
ယူနိုက်တက်အသင်း နည်းပြ တန်ဟက်ဟာ ချဲလ်ဆီး နည်းပြ ပိုချက်တီနိုရှေ့မှာ ထုတ်ပယ်ခံရလိမ့်မယ်လို့ လီဗာပူးနောက်ခံလူဟောင်း အင်းနရစ်က ပြောကြားလိုက်ပါတယ်။
တန်ဟက်သည် ပြီးခဲ့သည့် နွေရာသီက ယူနိုက်တက်အသင်းကို တာဝန်ယူခဲ့ပြီး အသင်းအား ခြောက်နှစ်အတွင်း ပထမဆုံးသော အဓိကဆုဖလားများဆီသို့ ပို့ဆောင်ပေးကာ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ နယ်သာလန်သားဟာ ယူနိုက်တက်ကို အက်ဖ်အေဖလား ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် ထိပ်သီးလေးသင်း နေရာကိုလည်း ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။
တန်ဟက်သည် ယခုနှစ်ရာသီအစောပိုင်းတွင် ဖိအားအချို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယူနိုက်တက်၏ အဖွင့် ပရီးမီးယားလိဂ် လေးပွဲအနက် အာဆင်နယ်နှင့် တော့တင်ဟမ်တို့ကို ရှုံးနိမ့်ထားပါတယ်။ ယူနိုက်တက်တို့ အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃-၂ နဲ့အနိုင်ရရှိခဲ့ပေမယ့် ပွဲစစခြင်း ၄ မိနစ်မှာပဲ ၂ဂိုးခွင့်ပြုခဲ့ရတာပါ။
အဖွင့်နေ့မှာ ဝုဗ်ကို ၁-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာ ကံကောင်းတယ်လို့ လူအများစုက ဝေဖန်ခဲ့ကြပြီး ဂယ်ရီအိုနေးလ်ရဲ့ အသင်းဟာ နောက်ကျပင်နယ်တီကို ငြင်းပယ်ခံခဲ့ရတဲ့အပြင် ယူနိုက်တက်အသင်းထက် ဂိုးကန်သွင်းမှုရော ဂိုးပေါက်တည့်မှုပါ ၂ ဆလောက် ပိုများခဲ့တာဖြစ်ပါတယ်။ တန်ဟက်ဟာ ၎င်း၏ ကစားသမားဖြစ်သူ ဆန်ချိုနှင့် မကြာသေးမီက သဘောထားမတိုက်ဆိုင်ပဲ ပြဿနာများဖြစ်ခဲ့ပြီး ကွင်းပြင်ပကိစ္စများနှင့် ပတ်သက်၍ ဝေဖန်မှုအချို့ကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
လီဗာပူးနောက်ခံလူ အင်းနရစ်က "ယူနိုက်တက်မှာ တန်ဟက်အတွက် ကိစ္စရပ်တွေ ကောင်းကောင်းပြီးဆုံးသွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြီးခဲ့တဲ့ရာသီက သူကိုင်တွယ်တဲ့ပုံစံကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် ဒီရာသီ ဆန်ချို ရဲ့ အခြေအနေအရတော့ အဝတ်လဲခန်းတစ်ခုလုံးကို သူ့ကို ဆန့်ကျင်ပြီး သူဘာကြောင့် လုပ်ခဲ့တာလဲဆိုတာ ကျွန်တော် မသိပါဘူး။ တန်ဟက်ဟာ ဒီရာသီမှာ ထုတ်ပယ်ခံရမှာ မဟုတ်ဘူးလို့ ခံစားမိပါတယ်၊ ဒါပေမယ့် အနာဂတ်မှာ ချဲလ်ဆီးက ပိုချက်တီနိုရဲ့ ရှေ့မှာ သူထုတ်ပယ်ခံရလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီက အရမ်းကောင်းတဲ့ရာသီတစ်ခုပြီးရင် ယူနိုက်တက်က လက်ရှိအနေအထားမှာ ပိုကောင်းလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တန်ဟက်က လူသိရှင်ကြား ပြောခဲ့တဲ့ ဆန်ချိုရဲ့ အခြေအနေနဲ့ အန်တိုနီရဲ့ အခြေအနေလိုမျိုး တခြားသော ပြဿနာတွေ ရှိတယ်ဆိုတာ ထင်ရှားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် စနေနေ့မှာ ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။