ထိပ်တန်းတိုက်စစ်မှူး ၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ
မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှု ကို ဖြေကြားခဲ့ပါတယ်။
ဟာလန်း နဲ့ ဘာပေတို့ကြား အချက်အလက်တွေအရ ဘာပေက ပွဲပေါင်း ၅၃၂ ပွဲမှာ ၃၉၅ ဂိုးသွင်း ၊ ၁၄၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဟာလန်းကတော့ ၃၈၅ ပွဲမှာ ၃၂၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၅၉ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဟာလန်းတစ်ယောက် ဘာပေရဲ့ဂိုးသွင်းနှုန်းကိုလိုက်မမီနိုင်ပဲ ဘာပေကတစ်ပွဲကို ပျမ်းမျှ ၁၀၄ မိနစ်မှာ ဝ.၇၄ ဂိုးနှုန်သွင်းယူထားနိုင်ခဲ့ပါတယ်။
“အာလင်းကန်ချက်က တားဆီးရခက်ပါတယ်။ သူက ဘယ်ခြေအားသန်ကစားသမားဆိုတော့ ဘာပေနဲ့ ခြားနားပါတယ်။ ၂ ဦးစလုံးကတော့ ရင်ဆိုင်ရတာခက်ခဲပါတယ်။ ဒါကြောင့် အဲ့တာက ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ကျွန်တော် စီးတီးမှာကစားနေတာကြောင့် ဟာလန်းကိုပိုရွေးချယ်ချင်ပါတယ်”လို့ ဒွန်နာရမ်မာက ဖြေကြားခဲ့ပါတယ်။
အီတလီသားက သူနဲ့ဟာလန်းတို့ကြားက ဆက်ဆံရေးကိုလည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ချက်ချင်းအထိုင်ကျခဲ့ပါတယ်။ ကျွန်တော်တို့ကြားမှာ မတွေ့ခင်ကတည်းက တစ်ဦးနဲ့တစ်ဦးနဲ့ အမြဲတမ်းလေးစားမှုရှိပါတယ်။ နိုင်ငံအသင်းမှာတော့ ပြိုင်ဘက်အဖြစ် ကစားရပါတယ်။
ကျွန်တော်တို့ကြား အခြေအနေက အခုပြောနေတာထက်ပိုကောင်းပါတယ်။ စိတ်အေးချမ်းမှုလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ ပွဲကန်ဖို့ကျန်နေပါသေးတယ်။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ သူဘယ်လောက်သန်မာလဲဆိုတာ ကျွန်တော်သိပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ကော သူငယ်ချင်းတစ်ဦးအနေနဲ့ပါ သူနဲ့ရင်ဆိုင်ရတာ ခက်ခဲပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဘာပေ နဲ့ ဟာလန်းတို့ဟာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့မရှိတော့တဲ့အချိန် သူတို့ ၂ ဦးနေရာကို အစားဝင်ကြမယ့်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဘာပေကတော့ လက်ရှိမှာ ရီးရဲလ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ဒွန်နာရမ်မာကတော့ လက်ရှိမှာ စီးတီးထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အီတီဟက်ပြောင်းလာပြီးကတည်းက အေစီမီလန်စတားဟောင်းဟာ အဓိကကစားသမားဖြစ်လာခဲ့ပြီး အီဒါဆန်နေရာမှာ အစားဝင်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဟာလန်းနဲ့လည်း အချိတ်အဆက်မိလာခဲ့သလို လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ နော်ဝေသားဟာ လက်ရှိရာသီ ၁၁ ပွဲမှာ ၁၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို ၉ ပွဲဆက်ဂိုးသွင်းထားနိုင်ပါတယ်။ ၂ ယောက်စလုံးကတော့ စီးတီးနဲ့အတူ ဆုဖလားတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး မကြာခင်မှာတော့ သက်ဆိုင်ရာနိုင်ငံအသင်းတွေပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ လာမယ့်လမှာ အီတလီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နော်ဝေအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။