The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပီအက်စ်ဂျီကိုအနိုင်ကန်နိုင်မယ်လို့ ချဲလ်ဆီးစတား ယုံကြည်နေ

ချဲလ်ဆီးစတား ပယ်လ်မာက လာမယ့်ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပီအက်စ်ဂျီကိုအနိုင်ကန်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ DAZN နဲ့အင်တာဗျူးမှာ ပယ်လ်မာက အခုလိုမျိုးပြောကြားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဟာ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်ကို ၄ ဂိုးပြတ်နဲ့ ကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့်လည်း ပယ်လ်မာကတော့ မိမိတို့အသင်းဟာ ပီအက်စ်ဂျီကိုအနိုင်ကန်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပီအက်စ်ဂျီဟာ အခုကလပ်ကမ္ဘာ့ဖလားကိုဗိုလ်စွဲနိုင်ချေအများဆုံးအဖြစ် ရေပန်းစားနေပြီး အင်တာမိုင်ယာမီ ၊ ဘိုင်ယန် ၊ ရီးရဲလ်တို့ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ ဘင်ဖီကာ ၊ ပါးလ်မီးရက်စ် နဲ့ ဖလူမီးနီးစ်တို့ကို ကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။ “ယေဘုယျာအားဖြင့် ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဒီပွဲကခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် အဲ့တာက ဖိုင်နယ်ပါ။ ကျွန်တော်တို့ စိတ်လှုပ်ရှားနေသလို လူတိုင်းကအဆင်သင့်ဖြစ်နေပါပြီ။ အကောင်းဆုံးအသင်းတွေနဲ့ပဲကစားချင်တယ်ဆိုတာ ခင်ဗျားသိလား။ သူတို့က လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းပါ။

ဒါပေမယ့် ကျွန်တော်တို့စိတ်လှုပ်ရှားနေသလို အဆင်သင့်လည်းဖြစ်နေပါပြီ။ သူတို့အရာအားလုံးလုပ်ဆောင်နိုင်သလို ကျွန်တော်တို့ပွဲတွေလည်းကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာအစီအစဉ်ရှိသလို အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ပယ်လ်မာက ဖြေကြားခဲ့ပါတယ်။ ပယ်လ်မာအနေနဲ့ ပီအက်စ်ဂျီကိုအနိုင်ကန်နိုင်ဖို့ဆိုရင် သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသဖို့ လိုအပ်နေပါတယ်။